Connect with us

Asia

အာဖဂန်နစ္စတန် နိုင်ငံတွင် ခရီးသွား ၁၁ ဦးကို လက်နက်ကိုင် အဖွဲ့အစည်းများမှ ဖမ်းဆီး

အာဖဂန်နစ္စတန် နိုင်ငံရှိ တာလီဘန် လက်နက်ကိုင် အဖွဲ့သားများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်းရှိ Baghlan မြို့တွင် အများသုံး ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၁၁ ဦးအား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ဖမ်းဆီး သွားခဲ့ကြောင်း အာဖဂန်နစ္စတန် နိုင်ငံ ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၆ ရက်နေ့က ပြောကြား ခဲ့သည်။

Baghlan မြို့ ရဲဌာနမှူးမှ ပြောကြားရာတွင် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့သည် Baghlan မြို့ Puli Khumri မြို့နယ်ရှိ အများသုံး ခရီးသည်တင် ဘတ်စ်ကားကို တားဆီးခဲ့ပြီး ကားပေါ်ရှိ ခရီးသည် ၁၁ ဦးကို ဖမ်းဆီး သွားခဲ့ကြောင်း ၊ လက်ရှိ အချိန်တွင် ထိုခရီးသည် များကို ဖမ်းဆီးသွားသည့် တည်နေရာကို မသိရှိ ရသေးကြောင်း ၊ ရဲဌာန အနေဖြင့် ရှာဖွေမှုများ စတင်လုပ်ကိုင် နေပြီ ဖြစ်ကြောင်း ၊ ခရီးသည်များအား ဖမ်းဆီး ခဲ့သည့် အဖွဲ့မှာ တာလီဘန် လက်နက်ကိုင် အဖွဲ့မှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယခု နှစ်အတွင်း အာဖဂန်နစ္စတန် နိုင်ငံတွင် လက်နက်ကိုင် အဖွဲ့များ ဖမ်းဆီးမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ လပိုင်းတွင် တာလီဘန် အဖွဲ့သည် အာဖဂန် တောင်ပိုင်း Zabul မြို့တွင် ခရီးသည် ၃၁ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၉ ဦး ပြန်လွှတ်ပေးခဲ့ သော်လည်း အခြား ၁၂ ဦးမှာ ယခုချိန်ထိ ပျောက်ဆုံးနေခဲ့သည်။ မေလ ပိုင်းတွင်လည်း တာလီဘန် အဖွဲ့မှပဲ Paktia ပြည်နယ် တွင် မော်တော်ယာဉ် များအား တားဆီးခဲ့ပြီး ကားပေါ်ရှိ လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီး ခဲ့ဖူးသည်။ (Xinhua)