Connect with us

Asia

ဂျပန် နိုင်ငံ ရှိအသေးစား လေယာဉ်တစ်စင်း သည် တိုကျိုမြို့ လူနေရပ်ဝန်း အတွင်းပျက်ကျခဲ့၍ ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိ

ဂျပန် နိုင်ငံ ရှိအသေးစား လေယာဉ်တစ်စင်း မှ တိုကျို မြို့ အနောက်ပိုင်း ရှိ ချိုဖူ မြို့နယ် လူနေရပ်ဝန်း အတွင်း ပျက်ကျခဲ့ စဉ်(ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

ဂျပန် နိုင်ငံ ရှိအသေးစား လေယာဉ်တစ်စင်း သည် ဇူလိုင် ၂၆ ရက်နေ့က တိုကျို မြို့ အနောက်ပိုင်း ရှိ ချိုဖူ မြို့နယ် လူနေရပ်ဝန်း အတွင်း ပျက်ကျခဲ့သည်။ ဂျပန် နိုင်ငံ ရဲတပ်ဖွဲ့ မှ လေယာဉ် ပျက်ကျမှု ကြောင့် လေယာဉ် ပေါ်ရှိလူ နှစ်ဦး အပါအဝင် စုစုပေါင်း သုံးဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဇူလိုင် ၂၆ ရက် ဒေသ စံတော်ချိန် မနက် ၁၁ ခန့်တွင် ခရီးသည် ၅ ဦးလိုက်ပါ ခဲ့သည့် အသေးစား လေယာဉ် တစ်စင်းသည် ချိုဖူး မြို့နယ် အတွင်းရှိ နေအိမ် တစ်အိမ် အပေါ်သို့ ပျက်ကျ ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ တိုကျို ရဲဌာန မှ လေယာဉ် ပျက်ကျ မှု ကြောင့် လေယာဉ်ပေါ်ရှိလူ နှစ်ဦး နှင့် ထိုနေအိမ် တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးမှာ လေယာဉ်ပျက်ကျမှု တွင် သေဆုံးခဲ့ကြောင်း ၊ လေယာဉ်ပေါ် ကျန်ရှိသည့် အခြား သုံးဦး နှင့် မြေပြင်ရှိ လူ နှစ်ဦး မှာ ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

တိုကျို မီးတပ်ဌာန မှ လေယာဉ် ပျက်ကျမှု ကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုသည် နေအိမ် ၅ အိမ်ကို မီးလောင်ကျွမ်းခဲ့ကြောင့် ၊ လက်ရှိချိန်တွင် မီးလောင်ကျွမ်းမှု အခြေအနေသည် ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။(Xinhua)