Connect with us

Asia

တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ သန်း ၃၆၀ ရင်းနှီးမြှုပ်နှံမှု နီပေါ ခွင့်ပြု

နီပေါနိုင်ငံ မြင်ကွင်း (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၃၆၀ ပမာဏ ရှိ ဘိလပ်မြေ စက်ရုံ တစ်ရုံအား တရုတ် ဟုန်ရှီး ဟိုးလ်ဒင်း လီမိတက်က နီပေါ ရှီဗန် ဘိလပ်မြေ လုပ်ငန်းနှင့် ပူးပေါင်း၍ လုပ်ကိုင်ခွင့်အား နီပေါနိုင်ငံ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အဖြစ် ခွင့်ပြုလိုက်ကြောင်း သိရသည်။

အင်္ဂါနေ့က ခတ္တမန္ဒူ တွင် ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ် Sushuil Koirala ဥက္ကဋ္ဌ အဖြစ်ပါဝင်သော နီပေါ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ အစည်းအဝေး တွင် အဆိုပါ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း နီပေါ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ အတွင်းရေးမှူး ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဒါဟာ တရုတ်နိုင်ငံမှ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း အစိုးရ အရာရှိများ ပြောကြားချက် အရ သိရပါသည်။ တရုတ် ဟုန်ရှီး ဟိုးလ်ဒင်းနှင့် နီပေါ ရှီဗန် ဘိလပ်မြေ လုပ်ငန်း တို့က ယခုနှစ် မတ်လအတွင်းက နီပေါ တွင် ဘိလပ်မြေ စက်ရုံ တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ နီပေါ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ တရားဝင် စာရင်းအရ ယခု ရင်းနှီးမြှုပ်နှံမှုဟာ ဘိလပ်မြေ စက်ရုံများတွင် တတိယ အကြီးဆုံး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း သိရသည်။

သဘော တူညီမှုအရ တရုတ်ကုမ္ပဏီ ဘက်မှ ထိုစီမံကိန်းတွင် ၇၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံလိမ့်မည် ဖြစ်ပြီး ကျန်သော ပမာဏအား နီပေါကုမ္ပဏီ ဘက်က ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။နီပေါ ဘိလပ်မြေ ထုတ်လုပ်သူ လုပ်ငန်းရှင်များ အသင်း၏ စာရင်းအရ နိုင်ငံအတွင်း ဘိလပ်မြေ စက်ရုံပေါင်း ၄၀ ကျော်ရှိပြီး ပြည်တွင်း သုံးစွဲအား၏ ၈၅ ရာခိုင်နှုန်း ကို ထုတ်လုပ် ပေးနိုင်ကြောင်း သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.