Connect with us

Asia

အိန္ဒိယတွင် ခရီးသည်တင်ဘတ်စ်ကား တူးမြောင်းထဲထိုးကျမှုဖြစ်ပွား၊ သေဆုံးသူ (၄၅)ဦး အထိ မြင့်တက်လာ

အိန္ဒိယနိုင်ငံ Madhya Pradeshပြည်နယ် Sidhiခရိုင်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာ၌ ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Madhya Pradeshပြည်နယ် Sidhiခရိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၄၅)ဦးထိ မြင့်တက်လာခဲ့ကြောင်း ယင်းပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhanက အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။

ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ (၄၅)ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် အမျိုးသား (၂၄)ဦး၊ အမျိုးသမီး (၂၀)ဦးနှင့် ကလေးငယ်(၁)ဦး ပါဝင်ကြောင်း Chouhanက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ Madhya Pradeshပြည်နယ် Sidhiခရိုင်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာ၌ ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယမီဒီယာများ၏ သတင်းများအရ ဖေဖော်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခရီးသည် (၅၀)ကျော်တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် Madhya Pradeshပြည်နယ် Sidhiခရိုင်ရှိ တံတားတစ်စင်းပေါ်ဖြတ်သန်းစဉ် တူးမြောင်းထဲထိုးကျနစ်မြုစ်သွားခဲ့ကြောင်း သိရသည်။ လက်ရှိ ကယ်ဆယ်ထားသူ(၇)ဦးရှိကြောင်း ၊ အစိုးရအနေဖြင့် အချင်းဖြစ်ပွားမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယင်းမတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားရသည့်အပေါ် ဝမ်းနည်းရကြောင်း အချင်းဖြစ်နေ့တွင် ပြောကြားခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးအခြေအနေ ဆိုးဝါးခြင်းနှင့် ယာဉ်မောင်းများ၏ အရှိန်လွန်မောင်းနှင်ခြင်း၊ ဝန်ပိုတင်ဆောင်ခြင်း စသည့် စည်းကမ်းချိုးဖောက်မှုများကြောင့် အိန္ဒိယတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ အပြည့်အစုံမရှိသေးသော ကိန်းဂဏန်းများအရ နှစ်စဉ် အိန္ဒိယတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ (၁၅၀,၀၀၀)ခန့်ရှိကြောင်း သိရသည်။

————————————————–
(Chinese Version)

(社会)印度公交车坠河事故死亡人数升至45人

  新华社新德里2月16日电(记者胡晓明)印度中央邦首席部长希夫拉杰•辛格•乔汉16日说,该邦锡提县当天发生的公交车坠河事故死亡人数已升至45人。
乔汉在记者会上说,救援人员在事故现场找到45具遇难者遗体,死者包括24名男子、20名妇女和一名儿童。
  据印度媒体报道,当地时间16日8时30分许,一辆载有50余人的公交车从中央邦锡提县一座桥上掉进运河,随即被河水吞没。目前仅有7人获救。当地政府已下令对事故原因展开调查。
 印度总理莫迪当天对事故造成人员伤亡表示悲痛。
  因道路状况恶劣以及驾驶员超速、超载等违规操作,印度交通事故频发。据不完全统计,印度每年约有15万人死于交通事故。(完)

图说1-2:新华社照片,中央邦(印度),2021年2月16日
2月16日,在印度中央邦锡提县,搜救人员在事故现场进行救援。