Connect with us

Asia

အိန္ဒိယနိုင်ငံ၌ တူးမြောင်းထဲ ဘတ်စ်ကားထိုးကျမှုတွင် သေဆုံးသူ ၅၀ ဦးထိမြင့်တက်

အိန္ဒိယနိုင်ငံ Sidhi ခရိုင်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တူးမြောင်းထဲထိုးကျမှုဖြစ်စဉ်အတွင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်ရေးတပ်ဖွဲ့(NDRF) မှ ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်က ခရီးသည် ၆၀ ဦးခန့် တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် တူးမြောင်းတစ်ခုထဲ ထိုးကျမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း စုစုပေါင်း ၅၀ လောင်း ကို ရှာဖွေတွေ့ရှိထားကြောင်း ခရိုင်အုပ်ချုပ်ရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အနည်းဆုံး ခရီးသည်နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ ခရီးသည်တင် ဘတ်စ်ကားသည် Madhya Pradesh ပြည်နယ် မြို့တော် Bhopal မြို့မှ အရှေ့ဘက် ၄၉၃ ကီလိုမီတာအကွာ Sidhi ခရိုင်အတွင်းရှိ အနက် ၆ မီတာရှိသော Bansagar တူးမြောင်းထဲသို့ ထိုးကျနစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် လူ ၇ ဦး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ၊ အချို့ခရီးသည်များသည် တူးမြောင်းရေစီးထဲမှ ဘေးလွတ်ရာသို့ ကြိုးပမ်းကူးခတ်ခဲ့သော်လည်း အနည်းစုကိုသာ ဒေသခံများက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)
Death toll in India’s bus mishap rises to 50
NEW DELHI, Feb. 17 (Xinhua) — A total of 50 bodies have been retrieved from the canal where a bus carrying around 60 passengers fell on Tuesday in India’s Madhya Pradesh, a senior district administration official confirmed on Wednesday.
At least two persons are still said to be missing.
The ill-fated bus fell in the 6-meter-deep Bansagar canal in Sidhi district of the state, around 493 km east of state capital Bhopal.
Seven people survived the accident as some swam up to the banks on their own, while a few others were rescued by locals. Enditem

Photo caption- Members of National Disaster Response Force (NDRF) conduct a rescue operation at the site of a bus accident near Patna village in Sidhi district, about 493 km east of Bhopal, the capital city of Madhya Pradesh, India, Feb. 16, 2021.