Connect with us

Asia

ဂျပန်နိုင်ငံ ဖူကူရှီးမားတွင် အင်အားပြင်းငလျင်ကြောင့် ဒေသခံများ ထိတ်လန့်တုန်လှုပ်ခဲ့ရ

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ဆိုမာမြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အဦနံရံများ ပြိုကျ ပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၄ ရက် တွေ့ရစဉ်(ဆင်ဟွာ)

ဖူကူရှီးမား၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားစီရင်စု၌ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာ တနင်္ဂနွေနေ့ နံနက်ပိုင်းက အဝေးပြေးလမ်းမများပေါ်တွင် လမ်းသွားလမ်းလာ မော်တော်ယာဉ်များ မရှိသလောက် နည်းပါးသွားခဲ့သလို မြေပြိုမှုများကြောင့် အချို့သော လမ်းပိုင်းများကိုလည်း ပိတ်ထားခဲ့ရသည်။

ဟွန်ရှူးကျွန်း၏ အရှေ့ဘက်ကမ်းခြေအနီးတွင် စနေနေ့ နှောင်းပိုင်းက အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ တိုင်းတာမှုများအရ ယင်းငလျင်သည် ဖူကူရှီးမားစီရင်စု ဆိုမာမြို့(Soma) တွင် အဆင့် ၆ အထက်ရှိပြီး ဂျပန်နိုင်ငံတွင် ငလျင် တိုင်းတာမှု အမြင့်ဆုံးအဆင့်ကို အဆင့် ၇ ဟုသတ်မှတ်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ဖူကူရှီးမားမြို့၌ ငလျင်လှုပ်ခတ်ပြီးနောက် ပိတ်ထားသော ရထားဘူတာရုံရှေ့တွင် လမ်းလျှောက်နေသော အမျိုးသမီးတစ်ဦးအား ဖေဖော်ဝါရီ ၁၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကူရီ-မာချီတွင် ငလျင်လှုပ်ခတ်ပြီးနောက် ပိတ်ထားသောလမ်းမတစ်ခုတွင် မော်တော်ယာဉ်များအား ဝန်ထမ်းအမျိုးသမီးတစ်ဦးမှ လမ်းညွှန်မှုပေးနေသည်ကို ဖေဖော်ဝါရီ ၁၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကူရီ-မာချီတွင် ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အဦများ ပြိုကျပျက်စီးမှုဖြစ်ပွားနေသည်ကို ဖေဖော်ဝါရီ ၁၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဒေသခံ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက စနေနေ့တွင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်အပေါ် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ကြောင်း ဆိုသည်။

“ အဆောက်အဦ လှုပ်လာတော့ အားလုံးမမျှော်လင့်ထားဘူးလေ ၊ အခန်းထဲက ပစ္စည်းတွေ လျှောကျကုန်တယ် ၊ ပြီးတော့ လျှပ်စစ်မီးကလည်း လင်းလိုက် မှိန်လိုက် ဖြစ်တယ် ၊ သိပ်ကြောက်စရာကောင်းတယ်။ ငလျင်လှုပ်တာပြီးသွားတာတောင် စိုးရိမ်ထိတ်လန့်နေတုန်းပဲ၊ ကျွန်မတစ်ညလုံး ကားထဲမှာပဲ သွားနေလိုက်တယ် ” ဟု ဆင်ဟွာသို့ ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့သည်။

နောက်နေ့တွင် အက်ကြောင်းထနေသော နံရံများကိုတွေ့ရကြောင်း ၊ ဒုတိယထပ် ပြင်တင်းပေါက်ကျိုးပဲ့သွားခဲ့ကြောင်း နှင့် အိမ်လှေကားလည်း ကျိုးကျပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။

ဆိုမာမြို့မှ ဖူကူရှီးမားစီရင်စု ကူရီ-မာချီ မြို့သို့သွားရာလမ်းပေါ်ရှိ အိမ်ဟောင်းတစ်လုံး ပြိုကျပျက်စီးသွားကြောင်း နှင့် အနီးနားရှိ လမ်းများကို ပိတ်ထားရကြောင်း သိရသည်။

ယင်းနယ်မြေအတွင်းရှိ လူမနေသော အိမ်အလုံးပေါင်းများစွာလည်း ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့ကြောင်း ၊ ယင်းတို့အနက် တစ်လုံးသည် မြေပြင်ပေါ်သို့ လုံးဝလဲပြိုကျသွားကြောင်း သိရသည်။

၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၅,၀၀၀ သေဆုံးခဲ့ရပြီး ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို အလယ်ဗဟိုမှ အရည်ပျော်မှု ဖြစ်ပွားခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးဇလအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၃ မိနစ်တွင် ဂျပန်နိုင်ငံ ကူရီ-မာချီတွင် ပြင်းအား ၅.၂ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)
Resident recounts “terrible” experience after strong quake causes damage in Japan’s Fukushima

FUKUSHIMA, Japan, Feb. 15 (Xinhua) — On Sunday morning, a few hours after a 7.3-magnitude earthquake struck off Japan’s northeastern Fukushima Prefecture, far fewer cars were seen on the expressways, while some sections of the Joban Expressway were closed due to landslides.
The strong quake, which hit late Saturday near the eastern coast of the Honshu island, was measured Upper 6 in Soma city in Fukushima in seismic intensity on the Japanese scale which peaks at 7.

More than 150 people were reported injured in the quake as of Sunday. Apart from Fukushima and Miyagi prefectures, injuries were also reported in six other prefectures, including Chiba, Kanagawa and Saitama, all neighboring the capital Tokyo.
In Tokyo, around 300 km from the epicenter, the building where Xinhua reporters live shook for a long time and the furniture creaked.
On Sunday morning, some shops and metro stations were closed in Soma, where the earthquake was strongly felt. Other than that, not much visible damage was seen in the downtown area, with the city mainly operating in an orderly manner.
In downtown Soma, the facade of the walls of a house was seen peeled off and the wooden frame exposed, with the traffic department putting up roadblocks around it.
A local female resident who owns a restaurant said she still felt scared when recalling her experience of Saturday’s quake.
“All of a sudden the building started to shake. The things in the room clattered off the shelves, and the electricity became intermittent. It was terrible. Worried about aftershocks, I spent a nervous night in my car,” she told Xinhua.
The next day, she found a cracked exterior wall, a broken second-floor window and a cracked staircase in the rented house.
On the way from Soma to Koori-machi, a town in Fukushima, an old house was seen on the verge of collapse, and nearby roads have been closed. A number of vacant houses in the area were badly damaged, including one where the tiles had fallen to the ground and bikes in a nearby shed lay in a mess.
According to the Japan Meteorological Agency, the latest quake was an aftershock of the devastating 2011 quake that killed more than 15,000 people and sparked the Fukushima nuclear meltdown.
At around 4:33 p.m. local time (0733 GMT) on Sunday, a jolt was felt in Koori-machi as another 5.2-magnitude aftershock occured.

1-Photo taken on Feb. 14, 2021 shows a damaged building after an earthquake in Soma City, Fukushima Prefecture, Japan. (Xinhua/Du Xiaoyi)
2- Photo taken on Feb. 14, 2021 shows a woman walking past the closed entrance to a station after an earthquake in Fukushima City, Fukushima Prefecture, Japan. (Xinhua/Du Xiaoyi)
3- A staff member guides vehicles away from a closed street after an earthquake in Koori-machi, Fukushima Prefecture, Japan, on Feb. 14, 2021. (Xinhua/Du Xiaoyi)
4- Photo taken on Feb. 14, 2021 shows damaged building after an earthquake in Koori-machi, Fukushima Prefecture, Japan. (Xinhua/Du Xiaoyi)