Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ကားချောက်ထဲပြုတ်ကျမှုကြောင့် လူ ၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ချောက်အတွင်းသို့ ကားတစ်စီး ပြုတ်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်ရှိ ချောက်တစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ မတော်တဆမှုသည် ရှီမလာခရိုင် နာကန်ဒါမြို့မှ ၁၀ ကီလိုမီတာအကွာ Batnaal မြို့အနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အဲဒီကားက ဇွန်လ ၂၆ ရက်ညက လမ်းမမှချော်သွားပြီး ချောက်နက်ထဲကို ပြုတ်ကျသွားခဲ့တာပါ။ ကားပေါ်ပါသွားတဲ့ မိသားစုဝင် ငါးဦးလုံး သေဆုံးသွားခဲ့တယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ချောက်သည် ချောက်နက်တစ်ခုဖြစ်ပြီး ဆိုးဝါးစွာ ပျက်စီးနေသည့် ကားအတွင်းမှ ရုပ်အလောင်းများအား မီးသတ်တပ်ဖွဲ့ဝင်များက ဆွဲထုတ်ခဲ့ရသည်။

“ကနဦး စစ်ဆေးမှုအရ လမ်းအချိုးအကွေ့တစ်ခုကို အရှိန်ဖြင့်ကွေ့လိုက်ရာ မထိန်းနိုင်တော့ဘဲ ယခုလို ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်း ဖြစ်ပါတယ်” ဟု တာဝန်ရှိသူက ပြောကြားခဲ့သည်။

မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.