Connect with us

Asia

ဂျပန်နိုင်ငံတွင် မီးပန်းစက်ရုံတစ်ခုပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံး ၊ ၁ဦး ဒဏ်ရာရ

မက္ကဆီကိုတွင် မီးပန်းစက်ရုံပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့စဉ်က ဖြစ်ရပ်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဇွန် ၂၇ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Shizuoka စီရင်စု Hamamatsu မြို့ရှိ မီးပန်းစက်ရုံတစ်ခုတွင် ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဂျပန်မီဒီယာများ၏ ပြောကြားချက် အရသိရသည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ် စက်ရုံအတွင်း ဝန်ထမ်းများရှိကြောင်း၊ ပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ဒေသခံလုံခြုံရေးရဲတပ်ဖွဲ့က ဆိုသည်။ ဒေသခံအရန်မီးသတ်အဖွဲ့က မီးငြိမ်းသတ်ပြီးဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် စက်ရုံအဆာက်အဦးတစ်ခုလုံး ပျက်စီးသွားကြောင်း ပြောကြားခဲ့သည်။

လက်ရှိ မီးလောင်မှုနှင့်စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.