Connect with us

Asia

BCIM စီးပွားရေး စြင်္က ံကို အစိုးရအချင်းချင်း အဆင့်မြှင့်တင်ရန် ဆွေးနွေး

ကွန်တိန်နာ သင်္ဘောဆိပ် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုလ်ကတ္တား၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္က ံ (BCIM-EC) ကို အစိုးရအချင်းချင်း အဆင့်မြှင့်တင်ရန် ဧပြီလ ၂၆ ရက်က လေးနိုင်ငံ သဘောတူလိုက်ကြောင်း သိရသည်။

လေးနိုင်ငံမှ ကျွမ်းကျင်သူများသည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး BCIM-EC ပူးတွဲ လေ့လာရေးအဖွဲ့၏ အစီရင်ခံစာကို ယခုနှစ် ဇွန်လလယ်တွင် ဆွေးနွေး စိစစ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကိုယ်စားလှယ်က ပြောသည်။

ပူးတွဲ လေ့လာရေးအဖွဲ့၏ လာမည့် အစည်းအဝေးကို မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်မြောက် BCIM-EC အစည်းအဝေးကို အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားတွင် ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရရှိခဲ့သည်။

နှစ်ရက်ကြာ ပြုလုပ်သည့် BCIM အစည်းအဝေးတွင် ကူမင်းမှ ကိုလ်ကတ္တားသို့ စီးပွားရေး စြင်္က ံ တည်ဆောက်မှု လွယ်ကူစေရန် ကုန်သွယ်ရေးနှင့် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ကာ ဒေသတွင်း စီးပွားရေး ပေါင်းစည်းရေးကို ပြန်လည် သုံးသပ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရေး အခြေခံထားသည့် ပူးတွဲ လေ့လာရေးအဖွဲ့ အစီရင်ခံစာကို ဆွေးနွေးခြင်း စသည်ဆို့ လုပ်ဆောင်ခဲ့ကြောင်း တရုတ် ကိုယ်စားလှယ်က ပြောသည်။

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဝမ်ရှောင်ထောင်းက တရုတ် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.