Connect with us

Asia

အင်ဒိုနီးရှား တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်အပြီး ထုတ်ပြန်ခဲ့သော ဆူနာမီသတိပေးချက် ပြန်ရုပ်သိမ်း

အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်သွားသည့် တည်နေရာအား မြေပုံ၌တွေရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တွင် ရစ်ချ်တာစကေး ၆.၈ ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် မိုးလေဝသ နှင့် ဘူမိရူပဗေဒဋ္ဌာန က နိုင်ငံအလယ်ပိုင်း မြောက်စူလာဝီဆီပြည်နယ်တွင် ထုတ်ပြန်ခဲ့သော ဆူနာမီသတိပေးချက်အား ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ဋ္ဌာန၏ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

ဋ္ဌာန၏ တာဝန်ရှိသူ Iwan Kurniawan က “ဆူနာမီ သတိပေးချက် ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်” ဟု ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ငလျင်သည် Sangihe ကျွန်းအနောက်မြောက်ဘက် ၂၄၆ကီလိုမီတာ ကိုဗဟိုပြု၍ မြေပြင်အနက် ၄၈ကီလိုမီတာတွင် ဂျာကာတာစံတော်ချိန် နံနက် ၃း၂၃ နာရီက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Kurniawan ကပြောကြားခဲ့သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က မြောက်စူလာဝီဆီပြည်နယ်မှ ထိခိုက်သေဆုံးမှု သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သည် Pacific Ring of Fire ဟု အမည်ပေးထားသည့် ငလျင်ကြောပေါ်တွင် ကျရောက်နေ၍ မြေငလျင်များ မကြာခဏလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.