Connect with us

Asia

တောင်ကိုရီးယား နိုင်ငံ တွင် THAAD ဒုံးကျည် ကာကွယ်ရေး စနစ် ၏ အစိတ်အပိုင်း အချို့ တပ်ဆင် သောကြောင့် ဒေသခံ နှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွား

တောင်ကိုရီးယား နိုင်ငံ ရှိ ငြိမ်းချမ်းရေး လိုလားသော THAAD စနစ် ဆန့်ကျင် လှုပ်ရှားသူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က (Terminal High Altitude Area Defense,THAAD) ဒုံးကျည်ကာကွယ်ရေး စနစ် ၏ အစိတ်အပိုင်း အချို့ကို တောင်ကိုရီးယား နိုင်ငံ မြောက်Gyeongsang ပြည်နယ် Seongju ဒေသ တွင် တပ်ဆင် ခဲ့ပြီးဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ကြေညာခဲ့ပြီး တောင်ကိုရီးယား နိုင်ငံ ရဲတပ်ဖွဲ့ မှ ထောင်နှင့်ချီသော ရဲတပ်ဖွဲ့ဝင် တို့ကို လမ်းများအား ပိတ်ဆို့နေရာယူစေခဲ့သောကြောင့် ဒေသတွင်းရှိ ပြည်သူလူထု တို့နှင့် ထိပ်တိုက်ရင်ဆိုင်မှု များ ဖြစ်ပွား ခဲ့ကြသည်။

တောင်ကိုရီးယား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က တောင်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့သည် THAAD စနစ် မှ တိုက်ခိုက်နိုင်သော အစိတ်အပိုင်း အချို့ကို ဦးစားပေး တပ်ဆင်ရန် ဆုံးဖြတ်ခဲ့ပြီး THAAD စနစ်၏ လက်တွေ့ တိုက်ခိုက်နိုင်မှု ရရှိရေး အတွက် ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း ၊ တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် ယခု နှစ်အတွင်း THAAD စနစ်ကို အပြီးအစီး တပ်ဆင်သွားမည် ဖြစ်ကြောင်း ၊ ရာသီဥတု သက်ရောက်မှု ဆိုင်ရာ တိုင်းတာရေး များနှင့် အခြား အဆောက်အအုံ တည်ဆောင်မှုပိုင်း များကို နောင်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ မီဒီယာ များက တောင်ကိုရီးယား အခြေစိုက် အမေရိကန် တပ်ဖွဲ့သည် ဧပြီ ၂၆ ရက် နံနက် ၄ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် THAAD စနစ် တပ်ဆင်မည့် နေရာသို့ သက်ဆိုင်ရာ အစိတ်အပိုင်း တို့ကို ပို့ဆောင်ပေးခဲ့ကြောင်း ၊ ပို့ဆောင်ခဲ့သည့် အစိတ်အပိုင်းများအတွင်း ဒုံးကျည် ပစ်လွှတ်သည့် ကိရိယာ ၊ ရေဒါ နှင့် မီးစက် စသည် တို့ပါဝင်ကြောင်း ဧပြီလ ၂၆ ရက်နေ့က ရေးသား ဖော်ပြခဲ့သည်။

Seongju ဒေသ ရှိ ပြည်သူတစ်ဦး က တောင်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့မှ THAAD စနစ် အစိတ်အပိုင်း အချို့ တပ်ဆင်သည့် နေ့တွင် ဒေသတွင်းရှိ THAAD စနစ် ဆန့်ကျင်သော ငြိမ်းချမ်းရေး လိုလားသူများ နှင့် ရဲတပ်ဖွဲ့တို့မှ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခဲ့ရာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင် ခဲ့ရကြောင်း ဆင်ဟွာ သတင်းဌာန သို့ပြောကြား ခဲ့သည်။

ဒေသတွင်း ပြည်သူလူထု တို့မှ ပေးပို့ခဲ့သည့် ဗီဒီယိုဖိုင် များမှ တစ်ဆင့် ငြိမ်းချမ်းရေး လိုလားသော THAAD စနစ် ဆန့်ကျင် လုပ်ရှားသူ များသည် ရဲတပ်ဖွဲ့အမြောက်အများ ၏ ဝိုင်းဝန်း ပိတ်ဆို့ ထားခြင်း ကိုခံခဲ့ရပြီး ငြိမ်းချမ်းရေး လုပ်ရှားသူ တို့က ပိတ်ဆို့ ခံရမှုမှ လွတ်မြောက်ရန် ကြိုးစားစဉ် အတွင်း ရဲတပ်ဖွဲ့၏ တားဆီးမှု ကိုခံခဲ့ရကြောင်း တွေ့ရှိ ခဲ့ရသည်။

တောင်ကိုရီးယား နိုင်ငံ အစိုးရ သည် ယခုလ ၂၀ ရက်နေ့ က တောင်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တိုကမှ THAAD စနစ် မြေနေရာ ချထားမှု ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆောင်ရွက်မှုများ ပြီးစီးခဲ့ပြီး အမေရိကန် တပ်ဖွဲ့မှ Seongju ဂေါက်ကွင်းတွင် THAAD စနစ် ချထားသည့် အခွင့်အရေး ကိုရရှိခဲ့ကြောင်း ကြေညာ ခဲ့သည်။ လက်ရှိချိန်ထိ တောင်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့မှ THAAD စနစ် ထားရှိမည့် တည်နေရာ နှင့် ပတ်သက်၍ ပတ်ဝန်းကျင် တိုင်းတာမှု ဆိုင်ရာ စသော ကိစ္စရပ် များကို ဆောင်ရွက်ပြီးစီး ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.