Connect with us

Asia

လာအိုနိုင်ငံတွင် COVID-19 ရောဂါ နောက်ဆုံးလူနာကို ကုသပေးလျက်ရှိ

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ COVID-19 လူနာများကုသရန် သတ်မှတ်ထားသော Mittaphab ဆေးရုံတွင် COVID-19 အတည်ပြုလူနာတစ်ဦးကို တရုတ်နိုင်ငံ ကူးစက်ရောဂါတိုက်ဖျက်ရေးဆေးပညာရှင်အဖွဲ့ဝင်များက တွေ့ဆုံနေစဉ် (ဓာတ်ပုံ- Chinese anti-epidemic medical expert team/Handout via Xinhua)

ဗီယင်ကျန်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ အမျိုးသား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီက နိုင်ငံ၏ COVID-19 နောက်ဆုံးလူနာကို ကုသပေးလျက်ရှိကြောင်း နှင့် ဖြစ်နိုင်သမျှမြန်မြန်ဆေးရုံမှဆင်းနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Latsamy Vongkhamsao က လာအိုရှိ နောက်ဆုံး COVID-19 လူနာ သည် မပြင်းထန်သော သို့မဟုတ် သိသာသော ရောဂါလက္ခဏာများသာ ရှိနေခဲ့သည်ဟု အောက်တိုဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ လူနာသည် အမေရိကန်နိုင်ငံမှ လာအိုနိုင်ငံသို့ ပြန်လာသည့် အသက် ၂၅ နှစ် အရွယ်အမျိုးသမီး တစ်ဦး ဖြစ်ပြီး သြဂုတ် ၁၄ ရက်ကတည်းက Mittaphab Hospital ၌ကုသမှုခံယူနေခြင်းဖြစ်သည်။
လာအိုအစိုးရက တာဝန်ရှိသူများနှင့်နိုင်ငံတစ်ဝန်းမှ ပြည်သူများအား COVID-19 ဒုတိယလှိုင်းဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ဆောင်ချက်များအား လျစ်လျူရှုထားခြင်းမပြုရန် သတိပေးထားကြောင်း သိရသည်။

လာအိုနိုင်ငံတစ်ဝန်း သီးသန့်စင်တာ ၄၂ ခုတွင် လူပေါင်း၂,၉၂၀ ဦးကို စောင့်ကြည့်လျက်ရှိကြောင်း လာအို အမျိုးသား COVID-19 တားဆီးထိန်းချုပ်ရေးအထူးလုပ်ငန်းကော်မတီက ကြေညာခဲ့သည်။
လာအိုနိုင်ငံသည် ပထမဆုံး COVID-19 ရောဂါ အတည်ပြုသူ ၂ ဦး တွေ့ရှိကြောင်း မတ်လ ၂၄ ရက်က ကြေညာခဲ့သည်။ (Xinhua)