Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ရေကြီးရေလျှံပြီးနောက် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၈ ဦးသေဆုံး ၊ ၁၂ ဦးပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Tri ဒေသတွင် ရေကြီးမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဟနွိိုင်း ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း နှင့် ကုန်းမြင့်ဒေသများတွင် မကြာသေးခင်ရက်များအတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးမှုနှင့်အတူ မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၈ ဦးသေဆုံးပြီး အခြား ၁၂ ဦးပျောက်ဆုံးလျက်ရှိကြောင်း အလယ်ပိုင်းဒေသ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး စီမံခန့်ခွဲမှု ကော်မတီက အောက်တိုဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၂ ရက်က သေဆုံးသူအရေအတွက်သည် ၁၈ ဦး ရှိခဲ့ရာမှ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူအများစုသည် Quang Tri ၊ Thua Thien Hue နှင့် Quang Nam ဒေသခံများဖြစ်ကြကြောင်း စီမံခန့်ခွဲမှုကော်မတီ၏ နောက်ဆုံးထုတ်ပြန်သည့် အစီအရင်ခံစာတွင်ဖော်ပြထားသည်။သေဆုံးသူ ၂၈ ဦးအနက် ၂၂ ဦးမှာ ရေစီးနှင့်အတူ ရိုက်ခတ်မျောပါသွားခြင်းဖြစ်ပြီး အခြား ၈ ဦးမှာ ရေကြီးမှုအတွင်း နစ်မြုပ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ကော်မတီက ဆိုသည်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Tri ဒေသတွင် ရေကြီးမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အောက်တိုဘာ ၁၂ ရက် ညသန်းခေါင်ယံအချိန်ထိ လူပေါင်း ၆၆,၆၀၀ ခန့်ကို ကယ်ဆယ်နေရာချပေးခြင်းနှင့်အတူ လူနေအိမ်အလုံးပေါင်း ၂၁,၈၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် စပါးစိုက်ခင်း ၅၉၂ ဟက်တာ နှင့် အခြားသီးနှံစိုက်ခင်း ၄,၂၀၀ ဟက်တာနီးပါး ရေနစ်မြုပ်ခဲ့ကြောင်း ကော်မတီက ဆိုသည်။ ထို့ပြင် ကျွဲ ၊ နွား ၊ ကြက် ၊ ဘဲ စသည့် တိရစ္ဆာန်ကောင်ရေ ၁၅၆,၃၀၀ နီးပါး ရေစီးနှင့်အတူ မျောပါခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း နှင့် အလယ်ကုန်းမြင့်ဒေသများတွင် အောက်တိုဘာ ၅ ရက် ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယင်းဒေသရှိ အချို့နေရာများတွင် မိုရေချိန်သည် ၁,၈၀၀ မီလီမီတာ အထိရောက်ရှိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Tri ဒေသတွင် ရေကြီးမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Tri ဒေသတွင် ရေကြီးမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လာမည့်ရက်အနည်းအငယ်အတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ Quang Binh ၊ Quang Tri ၊ Thua Thien Hue နှင့် Quang Nam စသည့် အနိုမ့်ပိုင်းဒေသများတွင် ဆက်လက်၍ ရေလွှမ်းမိုးမှု အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးဒဏ်ကြောင့် ယခုနှစ် စက်တင်ဘာ ၂၂ ရက်အထိ လူပေါင်း ၉၃ ဦးသေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး အခြား ၂၇၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သဘာဝဘေးဒဏ်များ အထူးသဖြင့် လေပြင်းတိုက်ခတ်ခြင်း ၊ မိုးကြီးခြင်း ၊ မြေပြိုခြင်း နှင့် ရေလွှမ်းမိုးခြင်း တို့ကြောင့် လက်ရှိကာလအတွင်း စီးပွားရေးထိခိုက်ဆုံးရှုံးမှုသည် ဗီယက်နမ်ငွေ ဒေါင် ၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၄ သန်း) ထိရှိခဲ့ကြောင်း ကော်မတီက ဆိုသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.