Asia
CPEC စီးပွားရေး စြင်္က ံ အကောင်အထည်ဖော်ရန် ပါကစ္စတန် ဝန်ကြီးချုပ် တိုက်တွန်း

အစ္စလာမ်မာဘတ်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္က ံ (China-Pakistan Economic Corridaor= CPEC) အကောင်အထည်ဖော်ရေးနှင့် CPEC ၏ မူဘောင်အောက်ရှိ စီမံကိန်းများအားလုံး အရှိန်မြှင့် ပြီးစီးစေရန် ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်မည် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အသစ် Shahid Khaqan Abbasi က ပြောကြားခဲ့သည်။
“CPEC နောက်တွင် ကျွန်တော်တို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက ပိုမို တိုးမြှင့်သွားမှာပါ” ဟု ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ် Sun Weidong နှင့် သြဂုတ်လ ၃ ရက် ညပိုင်း၌ တွေ့ဆုံစဉ် Abbasi က ပြောကြားခဲ့သည်။
တွေ့ဆုံစဉ်အတွင်း တရုတ် သံအမတ်က Abbasi ပါကစ္စတန် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည့်အတွက် တရုတ် သမ္မတ၏ ဂုဏ်ပြုကြောင်း သတင်းလွှာအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ပါကစ္စတန်တွင် ညင်သာစွာ လွှဲပြောင်းမှုကို မြင်ရသည့်အတွက် တရုတ် ခေါင်းဆောင်ပိုင်းက ဝမ်းသာမိကြောင်း၊ ပါကစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် ပါကစ္စတန် အစိုးရအပေါ် ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ် သံအမတ်ကြီးက ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် Shahid Khaqan Abbasi က တရုတ် ခေါင်းဆောင်၏ သတင်းကောင်းစကားပါးမှုအား ယူဆောင်လာသည့်အတွက် တရုတ် သံအမတ်ကြီးအား ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ထို့ပြင် လွန်ခဲ့သည့် လေးနှစ်အတွင်း တရုတ်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ဆက်ဆံရေးအား မြင့်မားသည့် နေရာသစ်များတွင် အောင်မြင်မှု ရရှိခဲ့ကြောင်း၊ ဝန်ကြီးချုပ် Abbasi ၏ ဦးဆောင်မှုအောက်တွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေမည့် ဆက်ဆံရေး ရရှိရန် မျှော်လင့်ကြောင်း တရုတ် သံအမတ်က ပြောကြားခဲ့သည်။ (Xinhua)