Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ က အမေရိကန် နိုင်ငံ မှ ဆောင်ရွက်သည့် အရေးယူပိတ်ဆို့မှု အသစ် အပေါ် ပြစ်တင်ဝေဖန်

မြောက်ကိုရီးယား နိုင်ငံ အလံ နှင့် အမေရိကန် နိုင်ငံ အလံ ကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံ သည် မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အသစ် တစ်ရပ်ဆောင်ရွက်ရန် ကို အတည်ပြုခဲ့ခြင်း သည် နိုင်ငံတကာ ရှူထောင့်မှကြည့်လျင် လက်ခံနိုင်ဖွယ်မရှိသည့် လူမိုက်ဆန်သော လုပ်ရပ် တစ်ခု သာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံ ၏ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံအား တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း နှင့် နိုင်ငံတကာ ဥပဒေ ကို ဘက်ပေါင်းစုံ မှ စိန်ခေါ်သည့် သဘောသက်ရောက်ပြီး အမေရိကန် နိုင်ငံ ပြည်တွင်းဆောင်ရွက်သည့် ဥပဒေ ကို နိုင်ငံတကာ ဆက်ဆံရေး တွင် အသုံးပြုနေသော ပြစ်မှုမြောက်သည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ မြောက်ကိုရီးယား နိုင်ငံ အပေါ် ဆောင်ရွက်မှု များသည် အောင်မြင်မည်မဟုတ်ဘဲ မြောက်ကိုရီးယား တပ်ဖွဲ့ နှင့် ပြည်သူလူထု တို့၏ အညံ့မခံလိုသော စိတ်ဓာတ်ကိုသာ ပိုမို ပြင်းထန်လာစေမည် ဖြစ်ကြောင်း ၊ ထို့ပြင် မြောက်ကိုရီးယား နိုင်ငံ မှ မိမိ နိုင်ငံ ၏ ကာကွယ်ရေး စွမ်းရည် ကို ပိုမိုမြှင့်တင်သွား မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု ရေးသား ဖော်ပြခဲ့သည်။

ဇူလိုင် လတွင် အမေရိကန် နိုင်ငံ လွှတ်တော် က မြောက်ကိုရီးယား ၊ ရုရှား နှင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ် ဆောင်ရွက်မည့် ဥပဒေမူကြမ်း ကို အတည်ပြုခဲ့ပြီး အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က သြဂုတ်လ ၂ ရက်နေ့၌ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.