Connect with us

Asia

ဗီယက်နမ် မြောက်ပိုင်းတွင် ရုတ်တရက် ရေကြီး၊ လူ ၉ ဦးသေဆုံး၊ ၂၄ ဦး ပျောက်ဆုံး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ရေဖုံးလွှမ်းနေသည့် လမ်းမပေါ်တွင် သွားလာနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ တောင်ထူထပ်သော ပြည်နယ် သုံးခု၌ လွန်ခဲ့သည့် သုံးရက်က ရုတ်တရက် ရေကြီးခဲ့သဖြင့် ဒေသခံ ၉ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟို ကြီးကြပ်ရေး ကော်မတီ က သြဂုတ်လ ၄ ရက်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရေကြီးမှုကြောင့် ဒဏ်ရာရရှိသူ ၁၂ ဦး အပါအဝင် အိမ်ခြေ ၂၀၀ နီးပါး ရေမြုပ်သွားခဲ့ကြောင်း၊ ဆည်မြောင်းလုပ်ငန်း ၁၄၄ ခု၊ အမျိုးသား လမ်းမများနှင့် ကောက်ပဲသီးနှံ စိုက်ဧက ဟတ်တာ ရာပေါင်းများစွာ ပျက်စီးသွားခဲ့ကြောင်း ဆုံးရှုံးမှုတန်ဖိုး ဗီယက်နမ်ငွေ ဒေါင် ၅၃၈.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၃.၈ သန်း) ခန့် ရှိကြောင်း သိရသည်။

သေဆုံးခဲ့သည့် လူ ၉ ဦးအနက် ၆ ဦးမှာ Son La ပြည်နယ်၊ Yen Bai ပြည်နယ်မှ ၂ ဦးနှင့် Lai Chau ပြည်နယ်မှ ၁ ဦး ဖြစ်ကြောင်း၊ ဒဏ်ရာရသူများမှာလည်း သြဂုတ်လ ၄ ရက်နေ့လည်ပိုင်းအထိ လူ ၂၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း Yen Bai ပြည်နယ်မှ ၁၂ ဦး၊ Son La ပြည်နယ်မှ ၁၀ ဦးနှင့် Lai Chau ပြည်နယ်မှ ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမ ၇ လအတွင်း လေမုန်တိုင်းများနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၇၅ ဦး သေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရသူ ၇၇ ဦး ရှိခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဋ္ဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.