Asia
မြောက်ကိုရီးယား (DPRK) ရေငုပ် သင်္ဘောမှ ဒုံးကျည် ပထမ အကြိမ် စမ်းသပ် ပစ်လွှတ်

ပြုံယမ်း ၊ မေ ၉ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား (DPRK) ရေငုပ်သင်္ဘောမှ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယား မီဒီယာ(KCNA) တွင် မေလ (၉) ရက်နေ့တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို လာရောက် ကြည့်ရှု ကာ မြောက်ကိုရီးယား အနေဖြင့် အရင်က ဂြိုဟ်တုကို ပစ်ခတ်မှုထက် ယခု ဒုံးကျည် ပစ်ခတ်မှုမှာ ပိုမိုဂုဏ်ယူဖွယ် ကောင်းကြောင်း ပြောကြားသည်။
ရေငုပ်သင်္ဘောမှ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို မည်သည့်နေရာ အမည်သည့်ရက်က ပြုလုပ်ခဲ့သည်ကို KCNA တွင် ဖော်ပြထားခြင်း မရှိချေ။ (Xinhua)