Connect with us

Asia

ဒုတိယ ကမ္ဘာစစ်ကြီး အောင်မြင်ခြင်း အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား ရုရှားတွင် ကျင်းပ

ရုရှားနိုင်ငံတွင် ကျင်းပသည့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် နှစ် ၇၀ ပြည့် အခမ်းအနား တွင် လေယာဉ်များ ပျံသန်း ပြသနေစဉ် (ဆင်ဟွာ)

မော်စကို ၊ မေ ၉ ရက် (ဆင်ဟွာ)
ရုရှားတွင် ကျင်းပသည့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် နှစ် ၇၀ ပြည့်မြောက်သည့် အခမ်းအနားတွင် စစ်ရေးပြ အခမ်းအနားကို ပရိတ်သတ်ပေါင်း ၅၀,၀၀၀ နီးပါး တက်ရောက်ကြသည်။

ရုရှား ပစိဖိတ် ရေတပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရေတပ် တက္ကသိုလ် စသည်တို့မှ ဗိုလ်လောင်း ၂,၀၀၀ ကျော်သည် Valadivostok ၏ လမ်းမကြီးတွင် စစ်ရေးပြကြသည်။

ရုရှားနိုင်ငံတွင် ကျင်းပသည့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် နှစ် ၇၀ ပြည့် အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
၎င်းအခမ်းအနားတွင် စစ်လက်နက် ၄၃ ခု ပြသထားသည်။ ပထမဆုံး အကြိမ် အဖြစ် ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးကျည် စနစ် (Ball) ကို ပြသသည်။ နည်းဗျူဟာ ဆိုင်ရာ ဒုံးကျည် စနစ် (Osa) နှင့် အသံထက်မြန်သည့် သဘောၤပစ် ဒုံးကျည် (Redoubt) စသည်တို့ နှင့် အခြားလက်နက်များ ပြသထားသည်။

ရုရှားနိုင်ငံတွင် ကျင်းပသည့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် နှစ် ၇၀ ပြည့် အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံတွင် ကျင်းပသည့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် နှစ် ၇၀ ပြည့် အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံတွင် ကျင်းပသည့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် နှစ် ၇၀ ပြည့် အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံတွင် ကျင်းပသည့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း အထိမ်းအမှတ် နှစ် ၇၀ ပြည့် အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လေယာဉ် ၁၁ စင်း နှင့် ဟယ်လီကော်ပတာ များလည်း အခမ်းအနားတွင် ပျံသန်း ပြသကြသည်။ ပထမဆုံး အကြိမ်အဖြစ် ရေတပ်နှင့် ဆိုင်သည့် အခမ်းအနား ပါဝင်ကာ စစ်သင်္ဘော (၅) စီး လည်း ပြသသည်။
ထိုအခမ်းအနားကို တရုတ်နိုင်ငံ အပါအဝင် အခြား နိုင်ငံများမှ ခေါင်းဆောင် ၂၀ ဦး တက်ရောက် ကြသည်။
ရုရှားနိုင်ငံ သမ္မတပူတင်က ယနေ့ အခမ်းအနားသည် အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း မိန့်ခွန်း ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.