Connect with us

Asia

၅ နှစ်သက်တမ်းရှိ စံငွေချေးစာချုပ်များအား အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖိုးအထိ အာရှဖွံ့ဖြိုးရေးဘဏ် ထုတ်ရောင်း

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရှိ အာရှဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ အာရှဖွံ့ ဖြိုးရေးဘဏ် အမှတ်တံဆိပ်အား ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မနီလာ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဘဏ်၏မူလရင်းနှီးငွေ အရင်း အမြစ်များ ဖြစ်လာမည့် ၅ နှစ်သက်တမ်းရှိသော အခြေခံစံနှုန်း ငွေချေးစာချုပ်များကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖိုးအထိ ထုတ်ရောင်းခဲ့ကြောင်း သြဂုတ် ၂၁ ရက်က ကြေညာခဲ့သည်။ပုံသေ နှစ်စဉ်အတိုးနှုန်း ၃.၇၅၀ ရာခိုင်နှုန်း၊ တစ်နှစ် ၂ ကြိမ်အတိုးပေးမည့်စနစ်ဖြင့် ထုတ်ရောင်းခဲ့ခြင်းဖြစ်ကာ ၂၀၃၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်အထိ သက်တမ်းရှိသော အဆိုပါ ၅ နှစ်သက်တမ်းရှိ ငွေချေးစာချုပ်များကို အမေရိကန်ဘဏ္ဍာရေးဌာနမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ သတ်မှတ်ထားသော အတိုးနှုန်း ၃.၈၇၅ ရာခိုင်နှုန်းအရ အခြေခံရမှတ် ၄.၇၇ အမြတ်အစွန်းရမည့် စျေးနှုန်းသတ်မှတ်ချက် ၉၉.၅၄၅ ရာခိုင်နှုန်းဖြင့် ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ထုတ်ရောင်းမှုကို နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီများဖြစ်သော Citigroup, Nomura, HSBC နှင့် J.P. Morgan ကုမ္ပဏီများက ပူးတွဲစီမံခန့်ခွဲကာ ရောင်းချခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ငွေချေးစာချုပ်များကို အခြေခံစျေးကွက်အတွင်း ကျယ်ပြန့်စွာဖြန့်ဖြူးရောင်းချခြင်းအဖြစ် အာရှဒေသတွင် ၄၁ ရာခိုင်နှုန်း၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများတွင် ၃၅ ရာခိုင်နှုန်း၊ အမေရိကဒေသတွင် ၂၄ ရာခိုင်နှုန်းဖြင့် ခွဲဝေရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စံငွေချေးစာချုပ်များအား ရင်းနှီးမြှုပ်နှံမှုပုံစံဖြင့် ဗဟိုဘဏ်နှင့် တရားဝင်ဘဏ္ဍာရေးအဖွဲ့ အစည်းများသို့ ၅၉ ရာခိုင်နှုန်း၊ အခြားဘဏ်များသို့ ၂၈ ရာခိုင်နှုန်း၊ ငွေကြေးမန်နေဂျာများနှင့် အခြား နေရာများသို့ ၁၃ ရာခိုင်နှုန်း ခွဲဝေရောင်းချခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း ရင်းနှီးငွေစျေးကွက်များမှ ဒေါ်လာ ၃၆ ဘီလီယံမှ ၃၇ ဘီလီယံဝန်းကျင်အထိ တိုးမြှင့်ရရှိလာရန် ADB က စီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————–
(English Version)
ADB sells 3 bln USD 5-year global benchmark bond
MANILA, Aug. 21 (Xinhua) — The Asian Development Bank (ADB) on Wednesday priced a five-year global benchmark bond of 3 billion U.S. dollars, the proceeds of which will be part of ADB’s ordinary capital resources, the multilateral development bank announced on Thursday.
The five-year bond, with a coupon rate of 3.750 percent per annum payable semi-annually and with a maturity date of Aug. 28, 2030, was priced at 99.545 percent to yield 4.77 basis points over the 3.875 percent U.S. Treasury notes due on July 2030.
The transaction was lead-managed by Citigroup, Nomura, HSBC, and J.P. Morgan.
The issue achieved wide primary market distribution with 41 percent placed in Asia; 35 percent in Europe, the Middle East, and Africa; and 24 percent in the Americas.
By investor type, 59 percent went to central banks and official institutions, 28 percent to banks, and 13 percent to fund managers and others.
ADB plans to raise about 36 to 37 billion dollars from the capital markets in 2025.
Photo:
File photo taken on Sept. 16, 2008 shows the logo of the Asian Development Bank (ADB) at its headquarters in Manila, capital of the Philippines. (Xinhua/Liu Hua)