နယူးဒေလီ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ တိရစ္ဆာန်ကုဆေးရုံတစ်ရုံတွင် ကမ္ဘာ့ တိရစ္ဆာန်ကူးစက်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၆ ရက်တွင် တိရစ္ဆာန်ချစ်သူများက ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များအား အခမဲ့ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ဓာတ်တုစက်ရုံတစ်ရုံ၌ ဇူလိုင် ၅ ရက်က ပေါက်ကွဲ၍မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဇူလိုင် ၆ ရက်နံနက်ပိုင်းတွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဂျကာတာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံတွင် COVID-19 ရောဂါ ဒုတိယလှိုင်းအား ရင်ဆိုင်တိုက်ဖျက်ရန်အတွက် ပြည်ပမှ ဆေးဘက်ဆိုင်ရာအောက်ဆီဂျင်ဗူးများ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုလံဘို၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)
ဂျကာတာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း Aceh ပြည်နယ်၊ Aceh Jaya ခရိုင်တွင် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှစ၍ အဆက်မပြတ်ရွာသွန်းသောမိုးကြောင့် ကျေးရွာ ၄၀ ထက်မနည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရကြောင်း ဒေသခံ သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ပြောကြားခဲ့သည်။
မနီလာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ စစ်ဘက်လေယာဉ်ပျက်ကျမှုအတွင်း ဆေးရုံသို့ ပို့ဆောင်ထားသော အပြင်းအထန် ဒဏ်ရာရရှိသူ စစ်သားနှစ်ဦး ထပ်မံ သေဆုံးသွားခဲ့သဖြင့် သေဆုံးသူပေါင်း ၅၂ ဦးထိ မြင့်တက်လာခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ဇူလိုင် ၅ ရက်ထိ...
ဘန်ကောက် ၊ဇူလိုင် ၆ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဘန်ကောက်မြို့အနီး ဇူလိုင် ၅ ရက်က ဖြစ်ပွားသော ဓာတုစက်ရုံပေါက်ကွဲမှုတွင် မီးလောင်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး အနည်းဆုံး အခြား လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်အနီးက ဓာတုစက်ရုံတစ်ရုံသည် ယနေ့ ဇူလိုင် ၅ ရက် အစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် လူ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသို့ ဝင်ရောက်ရာတွင် နိုင်ငံခြားသံတမန်များ နှင့် ဝန်ကြီးအဆင့် တာဝန်ရှိသူများမှလွဲ၍ နိုင်ငံခြားသားများ အားလုံးသည် polymerase chain reaction (PCR) စစ်ဆေးမှုဖြင့် ရောဂါပိုး ကင်းစင်ကြောင်း နှင့် COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များကို ပြသရန် လိုအပ်ကြောင်း...
မနီလာ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Suluပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ (၄၅)ဦးအထိ မြင့်တက်လာပြီး အခြား ဒဏ်ရာရသူ (၅၃)ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ (၅)ဦး ရှိကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။