Connect with us

Asia

၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်မှုစတင်

ကူမင်း ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်မှု အစီအစဉ်ကို စက်တင်ဘာ ၂၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံမှ ကင်းလှည့်ရေယာဉ် သုံးစင်း သည် အဆိုပါ လေးရက်ကြာ ပူးတွဲကင်းလှည့်မှုအစီအစဉ်အတွက် နိုင်ငံအနောက်တောင်ပိုင်း ကူမင်းပြည်နယ်ရှိ Guanlei ဆိပ်ကမ်းမှ စက်တင်ဘာ ၂၁ ရက် နံနက်အစောပိုင်းတွင် စတင်ထွက်ခွာသွားကြောင်း ကူမင်းပြည်နယ်ပြည်သူ့လုံခြုံရေးဗျူရိုက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ မဲခေါင်မြစ်ထဲတွင် ငါးဖမ်းနေသူများအား ဩဂုတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါကင်းလှည့်မှုအတွင်း ပူးတွဲတရားဥပဒေစိုးမိုးရေးအဖွဲ့သည် မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် တရားမဝင်နိုင်ငံအတွင်းဝင်ရောက်မှု ၊ မူးယစ်မှောင်ခိုမှု ၊ ဆက်သွယ်ရေး နှင့် အင်တာနက်အသုံးပြု၍ ဆက်စပ်သော ရာဇဝတ်လှုပ်ရှားမှုများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဗျူရိုက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့အား ဖြတ်သန်းသွားသော မဲခေါင်မြစ်အတွင်း လှုပ်ရှားသွားလာနေသည့် သင်္ဘောများကို ဩဂုတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ လန်ချန်းမြစ်ဟု ထင်ရှားသည့် မဲခေါင်မြစ်သည် နယ်စပ်ဖြတ်ကျော် သင်္ဘောသွားလာရေးအတွက် အဓိက ရေလမ်းကြောင်းတစ်ခုဖြစ်သည်။ တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်မှု အစီအစဉ်ကို ပြုလုပ်လာခဲ့ရာ ယခုအခါ ၁၀၉ ကြိမ်မြောက်ထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။(Xinhua)

————————————————-
(English Version)

109th Mekong River joint patrol begins

KUNMING, Sept. 22 (Xinhua) — Law-enforcement authorities from China, Laos, Myanmar and Thailand joined forces Tuesday for the 109th Mekong River joint patrol.
Three Chinese vessels departed Tuesday morning from Guanlei Port in southwest China’s Yunnan Province for the four-day patrol, the Yunnan provincial public security bureau said.
During the patrol, the joint law-enforcement team will crack down on cross-border crimes, including illegal immigration, drug smuggling, and criminal activity related to telecommunication and internet in the Mekong River basin, said the bureau.

The Mekong, known as the Lancang in China, is a vital waterway for cross-border shipping.
China, Laos, Myanmar and Thailand have been carrying out joint patrols in the river since December 2011.
People fish on the Mekong River in Phnom Penh, Cambodia on Aug. 6, 2021. (Xinhua/Sovannara)