နယူးဒေလီ ၊ မေ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ယနေ့(မေ ၃ ရက်) နံနက်ပိုင်းတွင် ဖန်နီ(Fani)မုန်တိုင်း ဝင်ရောက်မည့် လမ်းကြောင်းပေါ်၌ တည်ရှိနေသော နိုင်ငံ၏ အရှေ့ပိုင်း ပူရီမြို့(Puri) အတွင်း နှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူ တစ်သန်းကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ ့ထားကြောင်း နှင့်...
နယူးဒေလီ၊ မေ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် မေလ ၂ ရက်က ချောက်နက်ကြီးတစ်ခုအတွင်းသို့ ကားတစ်စီးပြုတ်ကျပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားသူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၂ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံနယ်စပ်တွင် အာဖဂန်ဘက်ခြမ်းမှ စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခြင်းနှင့် အခြားသူ ၇ ဦးဒဏ်ရာရရှိခြင်းအတွက် အာဖဂန် သံတမန်အား မေလ ၁ ရက်၌ ဆင့်ခေါ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ဖနွမ်းပင် ၊ မေ ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ အန်းကောဝပ်ရှေးဟောင်းနယ်မြေသို့၂ဝ၁၉ ခုနှစ် ပထမ ၄ လအတွင်း ကမ္ဘာလှည့် ခရီးသည် ၉၇၃,၃ဝ၅ ဦးဝင်ရောက်ခဲ့ရာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ယနေ့မေ ၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
အစ္စလာမ်မာဘတ်၊ မေ ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဘာလိုချစ္စတန်ပြည်နယ် ဂျီဝန်နီမြို့အနီး စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့စဉ် အမေရိကန်ဒေါ်လာ၂၄ သန်းကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းမိခဲ့ကြောင်း ပါကစ္စတန် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ကွာလာလမ်ပူ၊ မေ ၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဧပြီ ၃၀ ရက်က မှောင်ခိုဆင်စွယ်နှင့်ဆင်စွယ်ဖြင့်ပြုလုပ်သည့်ပစ္စည်း ၃.၉၂တန်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မနီလာ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကွန်ဒိုအဆောက်အအုံတစ်လုံး၌ ယနေ့ဧပြီ ၂၉ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။
တိုကျို၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ မြောက်ဘက်စွန်း ဟော့ကိုင်းဒွန်းကျွန်း၌ ယနေ့ ဧပြီလ ၂၈ ရက်တွင် အင်အား၅.၆ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌန က ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တက်ရောက်လာသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) နှင့် ဧပြီလ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီလ ၂၇ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံအရှေ့ပိုင်း ကာလ်မူနိုင်း(Kalmunai) မြို့တွင် သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အကြမ်းဖက်သမားဟုသံသယရှိရသူများ ဧပြီလ ၂၆ ရက်ညကတိုက်ပွဲဖြစ်ပွားခဲ့ရာ သေနတ်သမားနှစ် ဦးနှင့် အသေခံဗုံးခွဲသမားများဟု သံသယရှိရသူလေးဦးကို အသေရမိခဲ့ကြောင်း သီရိလင်္ကာစစ်ဖက်က ဧပြီလ ၂၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။