Connect with us

Asia

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက် ၂၉,၂၇၄,၈၂၃ ဦးသို့ရောက်ရှိလာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ စောင့်ရှောက်ရေးစင်တာတစ်ခု၌ COVID-19 လူနာများအား ၂၀၂၁ ခုနှစ် ဧပြီ ၂၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၉၁,၇၀၂ ဦးရှိပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ဇွန် ၁၁ ရက်တွင် ၂၉,၂၇၄,၈၂၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ထို့ပြင် ဇွန် ၁၀ ရက်နံနက်ပိုင်းမှစ၍ သေဆုံးသူ ၃,၄၀၃ ဦး ရှိပြီး စုစုပေါင်းသေဆုံးသူဦးရေ ၃၆၃,၀၇၉ ဦးရှိလာကြောင်းသိရသည်။ကပ်ရောဂါဒုတိယလှိုင်းအဖြစ်သတ်မှတ်ခံရသော ဧပြီ-မေလများအတွင်း ရက်ပေါင်းများစွာတွင် ကူးစက်ခံရမှု ၄၀၀,၀၀၀ ကျော်သို့ အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း၌ အတည်ပြုလူနာ ၁၀၀,၀၀၀ အောက် ကျဆင်းသည့် ၄ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံနေရသူဦးရေ ၄၆,၂၈၁ ဦးလျော့နည်းသွားကာ ရောဂါကူးစက်ခံနေရသူဦးရေ စုစုပေါင်း ၁,၁၂၁,၆၇၁ ဦး ကျန်ရှိနေကြောင်းသိရသည်။
တစ်နိုင်ငံလုံးတွင် စုစုပေါင်း လူနာ ၂၇,၇၉၀,၀၇၃ ဦးမှာ ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

India’s COVID-19 tally rises to 29,274,823

NEW DELHI, June 11 (Xinhua) — India’s COVID-19 tally rose to 29,274,823 on Friday, with 91,702 new cases recorded in the past 24 hours, said the federal health ministry.

Besides, 3,403 deaths were reported since Thursday morning, taking the death toll to 363,079.This was the fourth consecutive day when less than 100,000 cases were registered across the country, after peaking to over 400,000 for several days in April-May which was dubbed as the pandemic’s second wave.

There are 1,121,671 active cases in India, with a decrease of 46,281 in the past 24 hours.A total of 27,790,073 people have been cured and discharged from hospitals across the country, with 134,580 new recoveries. Enditem