အစ္စလာမ်မာဘတ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူးချီစတန်ပြည်နယ် ခုဇ်ဒါခရိုင်တွင် ဧပြီလ ၅ ရက်က ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိရာ အမျိုးသမီးတစ်ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက...
ဘန်ကောက်၊ ဧပြီ ၄ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကားတစ်စီးပေါ်မှ ဖွက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၆,၀၀၀ လုံးကျော် ကို မတ် ၃ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီ ၂ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန က နိုင်ငံတစ်ဝန်း အလွန်ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဒဏ်ကို လူ ၅၀,၀၀၀ကျော် ခံစားနေရကြောင်း ဧပြီ ၁ရက်တွင်ပြောကြားခဲ့သည်။
ယူလန် ဘာတာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်၏ မြို့တော် ကွမ်ကျိုးနှင့် မွန်ဂိုးလီးယားနိုင်ငံ၏ မြို့တော် ယူလန် ဘာတာကြားတွင် ဒေသတွင်း လေကြောင်းပျံသန်းမှု ကွန်ယက်များချဲ့ထွင်ကြိုးပမ်းရန် မွန်ဂိုးလီးယား အမျိုးသားလေကြောင်းလိုင်း(MIAT)၏ အားထုတ်မှုတစ်ရပ်အဖြစ် တိုက်ရိုက်လေကြောင်းကို မတ် ၃၁ရက်က ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းက ထုတ်ပြန်သော...
ရှာအာလမ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံ လေဆိပ်၌ မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသားတစ်ဦး သေဆုံးခဲ့မှုအတွက် ဗီယက်နမ် အမျိုးသမီး Doan Thi Huong အပေါ် ရှေ့နေများ၏ ပြစ်ဒဏ်လျှော့ပေါ့ပေးရေး အသနားခံချက် တင်သွင်းပြီးနောက် တရားရုံးက ဧပြီလ ၁ ရက်၌...
မနီလာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဧပြီလ ၁ ရက်၌ အင်အား ၅.၄ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ပညာအဖွဲ့ (Phivolcs) က ပြောကြားလိုက်သည်။
ခတ္တမန္ဒူ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတောင်ပိုင်းတွင် မတ်လ ၃၁ ရက် ညပိုင်းက လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးချုန်း လျှပ်စီးလက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၅ ဦးရှိပြီး လူ ၄၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆောက်လက်စ အဆောက်အအုံ၏ ၅ထပ်မှ အသက် ၄၅နှစ်အရွယ် အလုပ်သမားတစ်ဦး မတ်၃၀ ရက်တွင် ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ မတ် ၃၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝဂ်ထရာအား ယခင်က ပေးအပ်ချီးမြှင့်ထားသော တော်ဝင်အဆောင်အယောင်များ အားလုံးကို ရုပ်သိမ်းကြောင်း အမိန့်ကြေညာချက်တစ်စောင်ကို ထိုင်းဘုရင် မဟာဗီဂျေလောင်ကွန်းက ထုတ်ပြန်ကြေညာခဲ့သည်။
ဒါကာ ၊ မတ် ၃ဝ ရက်(ဆင်ဟွာ) ယနေ့မတ် ၃ဝ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ Gulshan ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၃ဝဝ ခန့်မီးလောင်ပျက်စီးသွားခဲ့ကြောင်း မီးသတ်သမားတစ်ဦးက ဆိုသည်။