Connect with us

Asia

အိန္ဒိယတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း (၁၂)ကျော်ကို အရေးပေါ် ရွှေ့ပြောင်းခဲ့

ပေကျင်း၊ မေ ၂၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩရိဿပြည်နယ်ကို မေ ၂၆ ရက်က ဆိုင်ကလုန်း မုန်တိုင်း “Yaas”ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အိန္ဒိယမိုးဇလက ပြောကြားခဲ့သည်။ ဩရိဿပြည်နယ်နှင့်အနောက်ဘန်ဂါပြည်နယ်တွင် လူပေါင်း (၁၂)သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

“Yaas”သည် ယခုကာလများအတွင်း အိန္ဒိယကို ဝင်ရောက်သည့် ဒုတိယမြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး မုန်တိုင်းကြောင့် ဩရိဿပြည်နယ်နှင့်အနောက်ဘန်ဂါပြည်နယ် ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ရေလှိုင်းတက်လာသည်ကို မြင်တွေ့ရသည်။ “Yaas”မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း (၁၃၀)ကီလိုမီတာမှ(၁၄၀)ကီလိုမီတာထိရှိပြီး အမြင့်ဆုံအဖြစ် တစ်နာရီလျှင် (၁၅၅)ကီလိုမီတာထိရှိကြောင်း အိန္ဒိယမိုးဇလက ဆိုသည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂါပြည်နယ် Namkhanaရှိ ကျေးရွာတစ်ခုတွင် “Yaas”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် မြင်ကွင်းအား မေ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အနောက်ဘန်ဂါပြည်နယ်တွင် အနည်းဆုံး ဒေသ ၂၀ ခန့်က”Yaas”မုန်တိုင်း၏ ရိုက်ခတ်မှုကို ခံရနိုင်သည်ဟု ခန့်မှန်းရကာ ဒေသအာဏာပိုင်များက တံငါသည်များကို ဘေးန္တရာယ်ရှောင်ရှားကြဖို့ အကြောင်းကြားပြီးဖြစ်ကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။ အနောက်ဘန်ဂါပြည်နယ် Hooghly တွင် လေပြင်းမုန်တိုင်းကြောင့် လျှပ်စစ်ဓါတ်ကျိုးပြတ်ကျ၍ လူ (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂါပြည်နယ် မြို့တော် Kolkataအနီးရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတစ်ခုတွင် “Yaas”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် မြင်ကွင်းအား မေ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယ ရေတပ်က လှေသင်္ဘောများ၏အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် ကူညီကယ်ဆယ်မှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း ဆိုသည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂါပြည်နယ် မြို့တော် Kolkataအနီးရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတစ်ခုတွင် “Yaas”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် မြင်ကွင်းအား မေ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုလ ၁၇ ရက်က ဆိုင်ကလုန်း မုန်တိုင်း “တောက်တဲ့(Tauktae)” အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကို တစ်နာရီလျှင် အမြင့်ဆုံးလေတိုက်နှုန်း (၁၈၅)ကီလိုမီတာဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း (၁၄၀)ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်တွင် Yaas”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ပျက်စီးသွားသည့် ငါးဖမ်းသင်္ဘောတစ်စီးအား မေ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယတွင် ကိုဗစ်ကပ်ရောဂါအပူလှိုင်းအတွက် စိုးရိမ်နေရချိန် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုများကြောင့် ကပ်ရောဂါနှင့်ကပ်ဘေးဒဏ်၏ ဖိအားကို ထပ်ဆင့်ခံစားနေရသည်။ “Yaas”မုန်တိုင်းတိုက်ခတ်သည့် လမ်းကြောင်းရှိ ဒေသ(၃)ခုတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ခေတ္တရပ်နားထားရကြောင်း ဩရိဿပြည်နယ်အရာရှိတစ်ဦးက ဆိုသည်။ (Xinhua)
…………………………………………
(Chinese Version)

气旋“亚斯”登陆印度 逾120万人紧急疏散

新华社北京5月26日电(记者陈立希)印度气象局说,气旋“亚斯”26日登陆印度东部奥迪沙邦。奥迪沙邦和西孟加拉邦超过120万民众疏散。
“亚斯”是近期登陆印度的第二个气旋,带来大风和强降雨,奥迪沙邦和西孟加拉邦沿海地区还可见海水翻涌。印度气象局说,“亚斯”风速为每小时130公里至140公里,阵风时速可达155公里。

美联社报道,西孟加拉邦至少20个地区预计会受“亚斯”影响,当局已通知渔民避险。在西孟加拉邦胡格利,“亚斯”带来的大风吹断电线,导致两人身亡。
印度海军称正密切关注船只情况,随时准备投入救援。 本月17日,热带气旋“陶克泰”在印度古吉拉特邦登陆,最高风速达每小时185公里。“陶克泰”导致印度超过140人丧生。

印度新冠疫情堪忧,气旋侵袭令多个邦承受抗疫和抗灾双重压力。奥迪沙邦官员说,“亚斯”行进路线上的三个地区已暂停新冠病毒