Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၌ ဆိပ်ခံတံတား ပြိုကျပြီးနောက် လူ ၅ ဦးသေဆုံး

ဂျကာတာ ၊ မေ ၂၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်၌ ဆိပ်ခံတံတားတစ်စင်း မေ ၂၆ ရက်ညပိုင်းတွင် ပြိုကျခဲ့ခြင်းကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၃ ဦး အသေးစား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက မေ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ယင်းဖြစ်စဉ်သည် ဒေသစံတော်ချိန် ည ၆ နာရီဝန်းကျင်၌ဖြစ်ပွားခဲ့ကြောင်း ၊ ဆိပ်ခံတံတားပေါ် လာရောက်လည်ပတ်သူ ၁၄ ဦးသည် အဖွဲ့နှစ်ခုခွဲ၍ အုပ်စုလိုက် ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်နေစဉ် တံတားပြိုကျသွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stefanus Satake က ဒေသတွင်း မီဒီယာသို့ ပြောကြားခဲ့ကြောင်း သိရသည်။

လူ ၁၀ ဦး ပါဝင်သော ပထမအုပ်စုသည် ဆိပ်ခံတံတား အလယ်ပိုင်းတွင် ဓာတ်ပုံရိုက်ကူးနေပြီး အခြားအုပ်စုမှာ ဆိပ်ခံတံတား၏ ညာဘက်အခြမ်းတွင် ရှိနေကြောင်း သိရသည်။

“အုပ်စုလိုက် ဓာတ်ပုံရိုက်ပြီး သိပ်မကြာလိုက်ပါဘူး။လူ ၁၀ ဦးနဲ့အတူ တံတားအလယ်ပိုင်းက ပြိုကျသွားပါတယ်။” ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stefanus Satake ၏ ထုတ်ပြန်ချက်တွင် ပြောကြားမှုကို ဒေသတွင်းမီဒီယာက ကိုးကားဖော်ပြခဲ့သည်။

ဆိပ်ခံတံတား ပြိုကျရာတွင် ပါဝင်သွားသူများအနက် ငါးဦးမှာ မိမိကိုယ်ကို အသက်ရှင်သန်အောင် ကြိုးပမ်းနိုင်ခဲ့သော်လည်း အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး သုံးဦးပါဝင်သည့် ကျန် ၅ ဦးမှာ ရေနစ်သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

သေဆုံးသူ ၅ ဦးစလုံးမှာ Sawahlunto မြို့၌ နေထိုင်ကြသော မိသားစုဝင်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်အား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

5 killed after pier collapses in W. Indonesia
JAKARTA, May 27 (Xinhua) — At least five people were killed and three others suffered minor injuries as a pier collapsed in Indonesia’s province of West Sumatra on Wednesday night, local official confirmed on Thursday.

Provincial police spokesperson Stefanus Satake told local media that the accident took place at around 6:00 p.m. local time when 14 visitors, who were divided into two groups, were taking group photos at different spots on the pier.

The first group, consisting of 10 people, was taking pictures in the middle part of the pier, and the other group was on the right part.
“Not long after taking group photos, the center of the pier with 10 visitors on it collapsed,” local media quoted Satake as saying in a statement.

He said five of them tried to save themselves, but the other five, consisting of two men and three women, drowned and died.
All the victims belonged to a family residing in Sawahlunto city, he said.
The police are investigating the incident. Enditem