စင်ကာပူ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် စင်ကာပူလေကြောင်းပြပွဲကို စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ပြပွဲစင်တာတွင် ကျင်းပလျက်ရှိပြီး စီးပွားရေးလုပ်ငန်းသုံးနှင့် စစ်ဘက်သုံး အဆင့်မြင့်လေယာဉ်များကို ခင်းကျင်းပြသထားပြီး အံ့ဖွယ် လေယာဉ်အလှပြပျံသန်း တင်ဆက်မှုများလည်း ထည့်သွင်းခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာယာနာပြည်နယ်တွင် လယ်သမားများ ချီတက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်၌ ရော်ဘာကျည်များဖြင့် ပစ်ခတ်ခြင်းနှင့် မျက်ရည်ယိုဓာတ်ငွေ့ပစ်ဖောက်ခြင်းများ ပြုလုပ်ပြီးနောက် လူငယ် လယ်သမားတစ်ဦး သေဆုံးကာ အခြားသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏...
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ဂျကာတာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းနှင့် ၃ ကြိမ်မြောက် သမ္မတလောင်း ပရာဘိုဝို ဆူဘီယမ်တို (Prabowo Subianto) က အနိုင်ရရှိကြောင်း၊ ယင်းမှာ အင်ဒိုနီးရှားနိုင်ငံသားများအားလုံး၏ အောင်ပွဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က ကြေညာခဲ့သည်။
ဂျကာတာ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက တရားဝင်စတင်ပြီဖြစ်ကြောင်း အထွေထွေရွေးကောက်ပွဲကော်မရှင် (KPU) အရ သိရသည်။ (Xinhua) …………………………………….. (English Version) Voting begins in Indonesia’s general elections...
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးအားလပ်ရက်များအတွင်း လာရောက်လည်ပတ်ကြမည့် တရုတ်ခရီးသွားဧည့်သည်များကို ကြိုဆိုကြမည့် ရွှေရောင်အခွင့်အလမ်းတစ်ရပ်အဖြစ် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ တရုတ်တန်းဖြစ်သော Yaowarat လမ်းတစ်လျှောက် အမြင့်တွင် မီးပုံးနီနီလေးများချိတ်ဆွဲကာ အလှဆင်ထားသလို ဈေးဆိုင်များကိုလည်း ကောင်းမွန်စွာပြင်ဆင်ထားသည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို...
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်ပေါင်း ၅၀ ပြည့်မြောက်ခြင်းသည် နှစ်နိုင်ငံလုံးကြား ဆက်ဆံရေးမြှင့်တင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဖာဒီလာ ယူဆပ်က ပြောကြားခဲ့သည်။ (Xinhua) ……………………………… (English Version) 50th China-Malaysia ties...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ မီးရှူးမီးပန်းထုတ်လုပ်ရေးစက်ရုံတွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားသဖြင့် သေဆုံးသူအရေအတွက်မှာ ၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ မက်ဒရာပရာဒက်ရှ်ပြည်နယ် ဟာဒါခရိုင်ရှိ အဆိုပါစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် လူပေါင်း ၉၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက်...
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသင့်ပြင်ဆင်လျက်ရှိကာ နိုင်ငံတစ်ဝန်း မဲရုံများထားရှိပြီး လုံခြုံရေးဝန်ထမ်းများကလည်း ကြိုတင်ပြင်ဆင်လျက်ရှိသည်။ ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင် ၁၂၇ သန်းခန့်က နိုင်ငံတစ်ဝန်း မဲဆန္ဒနယ် ၈၅၉ ခု၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံနှင့်...
ဆိုးလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယား တရားရုံးက ဆမ်ဆာင်း အီလက်ထရွန်းနစ် ဥက္ကဋ္ဌ လီဂျေးယွန် (Lee Jae-yong) အား စီမံခန့်ခွဲမှုဆိုင်ရာနှင့်ဆက်စပ်၍ စတော့ခ်ဈေးနှုန်း ခြယ်လှယ်ခြင်း၊ ငွေစာရင်းလိမ်လည်ခြင်း စသည့်အမှုများမှ ဖေဖော်ဝါရီ ၅ ရက်တွင် တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။ လီသည် စတော့ခ်ဈေးနှုန်းအား...