ကွာလာလမ်ပူ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နိုဝင်ဘာ ၁ ရက်က ကျင်းပသည့် ၁၂ ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM-Plus) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် တုန်...
နယူးဒေလီ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၏ ဧရိယာအတော်များများတွင် နိုဝင်ဘာ ၂ ရက်က လေထုအရည်အသွေးညွှန်းကိန်း (AQI) ၄၀၀ မှတ်ကျော်လွန်ခဲ့ပြီး မြို့တော်ကို ထူထပ်သောမီးခိုးမြူများ လွှမ်းခြုံနေကာ အလွန်ဆိုးရွားသည့်လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ဒေလီတွင်နေထိုင်သူများအနေဖြင့် လေသန့်စင်စက်များ ပုံမှန်အသုံးပြုသင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။...
ကိုလံဘို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက်အစိုးရက ဆေးရွက်ကြီးထုတ်ကုန်ထိန်းချုပ်မှုဥပဒေတွင် သိသာထင်ရှားသည့်ပြင်ဆင်ချက်များကို တရားဝင်ထည့်သွင်း အကောင်အထည်ဖော်လိုက်ခြင်းဖြင့် နိုဝင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်သော ဆေးရွက်ကြီးထုတ်ကုန်အသုံးပြုမှုအပေါ် မျိုးဆက်သစ်တစ်ခုလုံးကို ပိတ်ပင်တားမြစ်မှုကို မိတ်ဆက် ကျင့်သုံးလိုက်ကြောင်း သိရသည်။
ဖနွမ်းပင်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားအာဏာပိုင်များက အွန်လိုင်းလိမ်လည်မှုများပြုလုပ်သည်ဟူသောသံသယဖြင့် အမျိုးသမီး ၃၆ ဦး အပါအဝင် အင်ဒိုနီးရှားနိုင်ငံသား ၁၀၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး အထူးကော်မတီက နိုဝင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီး အလွတ်သဘော အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ၊ မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Mohamed...
မနီလာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မြေအပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပိုမိုမြှင့်တင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီ PT Geo Dipa Energy ကို ပံ့ပိုးရန် ဒုတိယအကြိမ်မြောက် နောက်ထပ်ငွေကြေးပံ့ပိုးမှုအဖြစ် ချေးငွေ အမေရိကန်ဒေါ်လာ ၁၈၀ သန်းကို အောက်တိုဘာ ၃၀ ရက်၌ အတည်ပြုလိုက်ကြောင်း...
ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) လွန်ခဲ့သည့်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းမှုတစ်ခုအတွင်း လိမ်လည်မှုဂိုဏ်းဝင် ၂,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အတွင်း လူပေါင်း ၁,၃၀၃ ဦးကို ဖမ်းဆီးခဲ့ပြီး...
ဒါကာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ခွင့်ပြုချက်မရှိသောမိုဘိုင်းဖုန်းဟန်းဆက်များအား ယခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ပိတ်ပင်ရန် ဆုံးဖြတ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်၏ စာတိုက်၊ ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာန အထူးလက်ထောက် Faiz Ahmad Taiyeb က ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် လက်ကိုင်ဖုန်းဟန်းဆက်များ တရားမဝင်တင်သွင်းခြင်းများ...
ဂယောင်းဂျူ၊ တောင်ကိုရီးယား၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအား တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့တွင် အောက်တိုဘာ ၃၁ ရက်က စတင်ကျင်းပခဲ့ကာ အစည်းအဝေး တက်ရောက်လာသည့် ခေါင်းဆောင်များအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့သော...
ဟနွိုင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းပြည်နယ်များစွာတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးကာ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်နှင့် ရေကာတာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၃၁ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။...