ဟနွိုင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဟနွိုင်းကွန်ဗင်းရှင်းဟု ခေါ်ဆိုသည့် ကုလသမဂ္ဂ ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး ကွန်ဗင်းရှင်း အဆင့်မြင့်ညီလာခံကို အောက်တိုဘာ ၂၅ ရက်က ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ပညာရေးနှင့်သုတေသနလုပ်ငန်းများအတွက် တရုတ်-သီရိလင်္ကာနိုင်ငံ ပူးတွဲစင်တာတည်ထောင်မှု ၁၀ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို သီရိလင်္ကာနိုင်ငံမြို့တော်၊ ကိုလံဘိုမြို့၌ အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဂုဏ်ပြုကျင်းပခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရန် လုပ်ဆောင်နေသည်ဟု ဘရာဇီးသမ္မတ လူးဝစ်အီနာဆီရိုလူလာဒါဆေးလ်ဗားက ပြောကြားခဲ့ကြောင်း ဘရာဇီးသမ္မတရုံး၏ အောက်တိုဘာ ၂၄ ရက်က ဖော်ပြမှုအရ သိရသည်။ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ၎င်း၏တရားဝင်ချစ်ကြည်ရေးခရီးစဥ်အတွင်း ဂျာကာတာမြို့၌ ရောက်ရှိနေစဉ်...
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်များသည် အောက်တိုဘာ ၂၅ ရက် နံနက်တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးပွဲ စတင်ကျင်းပခဲ့သည်။ ယခုနှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုများအတွင်း ရရှိခဲ့သော အရေးပါသောသဘောတူညီမှုနှင့်အညီ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် အရေးပါသော ကိစ္စရပ်များအပေါ်...
စင်ကာပူ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) နန်ရင်းသံစဉ်ကို “နန်ချွီ” ၊ “နန်ကွမ်” ၊ “ရှန်ကွမ်” ဟုလည်း ခေါ်ဆိုပြီး သမိုင်းကြောင်း ကြာရှည်လှပြီဖြစ်သည့် ရှေးဟောင်းသံစဉ်အမျိုးအစားဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးဒေသတစ်လျှောက်မှ စတင်ပေါ်ထွက်လာခြင်းဖြစ်ပြီး တရုတ်တေးဂီတ၏ “သက်ရှိရုပ်ကြွင်း” ဟု ခေါ်ဆိုခံရကာ ၂၀၀၉...
ပြုံယမ်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူရန် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ ပြည်ပစစ်ဆင်ရေး ၇၅ နှစ်ပြည့် အခါသမယတွင် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် အောက်တိုဘာ ၂၄ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ South Phyongan ပြည်နယ် Hoechang...
ဘန်ကောက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် က ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ် နတ်ရွာစံသွားသဖြင့် ထိုင်းနိုင်ငံတစ်ဝန်း ဝမ်းနည်းကြေကွဲခြင်းကာလသို့ ဝင်ရောက်သွားကြောင်း၊ ၎င်းကိုယ်တိုင်အနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ (၃၂) ကြိမ်မြောက် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့...
ဆိုးလ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ မြို့အစွန်ရှိ အကြီးစား ဈေးဝယ်စင်တာတစ်ခုအတွင်း၌ တရုတ်ကုမ္ပဏီတစ်ခု၏ ကြမ်းပြင်သန့်ရှင်းရေးစက် အရောင်းကောင်တာရှေ့တွင် လူများစည်ကားနေသည်။ စက်ရုပ်လက်မောင်းတံပါဝင်သည့် Roborock နည်းပညာအမှတ်တံဆိပ် ကြမ်းပြင်သန့်ရှင်းရေးစက်ရုပ်သည် အများ၏အာရုံကို ဖမ်းစားထားသည်။ အဆိုပါစက်ရုပ်သည် မြေပြင်အတိုင်း တဖြည်းဖြည်းရှေ့သို့ ရွေ့လျားလာပြီး ခြေအိတ်တစ်ခုကို တိကျစွာညှပ်၍လိပ်ကာ ဘေးဘက်ရှိ...
ဒါကာ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ တည်ရှိသော ဘင်္ဂလားဒေ့ရှ်ဆေးတက္ကသိုလ် (BMU) ၏ အထူးကုဆေးရုံရှိ ဆိတ်ငြိမ်၍ အလင်းရောင်ကောင်းစွာရရှိသည့်အခန်းအတွင်း တိတ်တဆိတ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ လေဖြတ်ခြင်းကြောင့် တစ်ချိန်က သွားလာလှုပ်ရှားရန်ခက်ခဲသော လူနာတစ်ယောက်မှာ ကုထုံးကျွမ်းကျင်ပညာရှင်များနှင့် စက်ရုပ်အရိုးငြမ်းဝတ်စုံ၏ အထောက်အပံ့ဖြင့် ခြေလှမ်းမှန်မှန် လျှောက်လှမ်းနိုင်ပြီ ဖြစ်သည်။...
ဘန်ကောက်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင့်မယ်တော်ကြီး သီရိခေတ်သည် အောက်တိုဘာ ၂၄ ရက် ညပိုင်းတွင် သက်တော် ၉၃ နှစ်အရွယ်၌ နတ်ရွာစံခဲ့ကြောင်း ထိုင်းနိုင်ငံ နန်းတော်ရေးရာဗျူရိုက အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်း၌ သတင်းထုတ်ပြန်ကြေညာခဲ့သည်။ ဘုရင့်မယ်တော်ကြီး သီရိခေတ်သည် ၂၀၁၉...