ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံက ကြေကွဲဝမ်းနည်းမိပါကြောင်း အကူအညီများ ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း နိုဝင်ဘာလ ၁၄ ရက်က ပြောကြားခဲ့သည်။
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့သည် အများပြည်သူဆိုင်ရာ လူမှုဖူလုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့သည် နိုဝင်ဘာ ၁၄ရက်တွင် ဗီယက်နမ်နိုင်ငံ ဗီယန်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆက်လက် ခိုင်မာလာစေရန်အတွက် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် နိုဝင်ဘာလ ၁၃ ရက်က ကြောက်မက်ဖွယ် လူသေဆုံးခဲ့ရသည့် ငလျင်အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရန် ကုလသမဂ္ဂက အသင့်ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ပြောကြားခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Yecho Hun Sen တို့သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၌ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များ အစည်းအဝေးအတွင်း နိုဝင်ဘာလ ၁၃...
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အီရန်နိုင်ငံတွင် အနည်းဆုံး လူ ၄၄၅ဦးသေဆုံးပြီး အခြားလူ ၇,၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ငလျင်ပြင်းလှုပ်ခတ်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီထံ နိုဝင်ဘာ ၁၄ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်သူ လာအိုနိုင်ငံ သမ္မတဟောင်း Choummaly Saygnasone တို့သည် နိုဝင်ဘာ ၁၃ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ် နှင့် လာအို ဆိုရှယ်လစ်နှစ်နိုင်ငံ၏ ရှေးရိုးစဉ်လာမပျက်ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖိန် သည် လာအိုနိုင်ငံသို့ နိုဝင်ဘာ ၁၃ရက်တွင် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် ပတ်သက်၍ ၎င်း၏ ခိုင်မာသောလိုက်နာမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁၃ရက်တွင် တရုတ် နှင့် ဗီယက်နမ် ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်အရသိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နှင့် ဗီယက်နမ်တို့သည် ပင်လယ်ရေကြောင်းသွားလာမှုကိစ္စရပ်များနှင့် ပတ်သက်၍ မတူကွဲပြားမှုများကို သင့်လျော်စွာ စီမံခန့်ခွဲပြီး ထိန်းချုပ်လုပ်ဆောင်သွားသင့်ကြောင်း နှင့် ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားသင့်ကြောင်း နိုဝင်ဘာ ၁၃ ရက်ကပြောကြားခဲ့သည်။