Connect with us

Asia

ထိုင်းနိုင်ငံ တွင် လမ်းဘေးဗုံး ပေါက်ကွဲမှုကြောင့် ရိန်းဂျား တစ်ဦးသေ၊ အခြား ၂ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ Yala ပြည်နယ် ရှိ ပေါက်ကွဲမှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း Yala ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၆ ရက်က လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ရိန်းဂျားအသေခံတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရိန်းဂျားတပ်ဖွဲ့ဝင် ၆ဦး ပါသော ကင်းလှည့်ယာဉ် နေရာတစ်ခုအား ဖြတ်သန်းစဉ် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်း က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နှင့် လက်လုပ်ဗုံး၂လုံးအား လမ်းဘေးရှိ မြက်ခင်းအတွင်း ဝှက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အသက် ၃၃နှစ်အရွယ် ရိန်းဂျားတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီး အခြား ရိန်းဂျားတစ်ဦးမှာ လည်ပင်းနှင့် မျက်နှာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း နှင့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုတိယမြောက်ဗုံး ကို ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်များက ဘေးကင်းစွာ ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ နိုင်ငံ တောင်ပိုင်းစွန်းတွင် မတည်ငြိမ်မှုများဖြစ်ပွားအောင် ပြုလုပ်နေသည့် သောင်းကျန်းသူများကို စွပ်စွဲပြစ်တင်ခဲ့ကြောင်း သိရသည်။

Narathiwat ပြည်နယ် နှင့် Pattani ပြည်နယ် အပါအဝင် Yala ပြည်နယ် သည် ထိုင်းနိုင်ငံ တောင်ဘက်စွန်းရှိ ပြည်နယ် ၃ခုဖြစ်ပြီး ၂၀၀၄ခုနှစ်မှစ၍ လူမျိုးစု ခွဲထွက်ရေးသမားများ၏ ပုန်ကန်မှုကြောင့် သောင်းကျန်းသူများ ၏ ကျက်စားရာနေရာများဖြစ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.