နယူးဒေလီ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်ရှိ လူနေအိမ်တစ်လုံးထဲသို့မိကျောင်းတစ်ကောင်ဝင် ရောက်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
ပြုံယမ်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဒေသတွင်း တင်းမာမှုဖြစ်ပွားလျက်ရှိသည့် ကိုရီးယားကျွန်းဆွယ်အပေါ် အမေရိကန်လေတပ်မှ B-1B မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် ဖြတ်ကျော်ပျံသန်းခဲ့ခြင်းအပေါ် မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံအား ယနေ့( နိုဝင်ဘာ ၃ရက်)တွင် ပြစ်တင်ပြောကြားလိုက်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အူထရာပရာဒတ်ရှ်ပြည်နယ်တွင် နိုင်ငံပိုင် ကျောက်မီးသွေး စက်ရုံ တစ်ရုံရှိ ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာခဲ့ပြီး ၂၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ (နိုဝင်ဘာလ ၂ ရက်) တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျာစတန်ပြည်နယ် တွင် အောက်တိုဘာ ၃၁ရက်က ထရန်စဖော်မာတစ်လုံး ပေါက်ကွဲခဲ့ရာ သေဆုံးသူဦးရေသည် နိုဝင်ဘာ ၁ ရက်တွင် လူ၁၄ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁ရက် တွင်ပြောကြားခဲ့သည်။
ဒါကာ ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက်မှု တန်ပြန် တိုက်ခိုက်ရေးတပ်ဖွဲ့(RAB) က လေယာဉ်တစ်စီးအား အပိုင်စီးရန် ကြိုးပမ်းကြံရွယ်မှုဖြင့် လေယာဉ်မှူးတစ်ဦးအပါအဝင် လူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ နယ်စပ်ချင်း အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် တင်းမာမှုမျာအား လျှော့ချသည့်အနေဖြင့် အိန္ဒိယ ငါးဖမ်းလုပ်သား ၆၈ ဦးအား ပါကစ္စတန်က အောက်တိုဘာလ ၂၉ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒတ်ရှ်ပြည်နယ်၌ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာလ ၂၉ ရက်) တွင် ပြောကြားလိုက်သည်။
ဘိုဂိုတာ၊ အောက်တိုဘာလ ၂၈ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၌ သစ်ပင် တစ်ပင်အောက်တွင် မုန်တိုင်းဒဏ်မှ ရှောင်ရှားရန် နားခိုရာ ရှာဖွေနေသည့် သားအဖ နှစ်ဦးမှာ မိုးကြိုး ထိမှန်ကာ သေဆုံးခဲ့ကြောင်း ကိုလံဘီယာ မီဒီယာက အောက်တိုဘာလ ၂၈ ရက်က သတင်းဖော်ပြခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတစ်ဝန်းမှ အနက်ရောင်ဝတ်ဆင်ထားသော ထိုင်းလူမျိုး သန်းပေါင်းများစွာ နှင့် နိုင်ငံတကာမှ အခြားပြည်သူများသည် ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်၏ သမိုင်းဝင် မီးသဂြိုလ်ခြင်း ဈာပနအခမ်းအနားသို့ အောက်တိုဘာ ၂၆ ရက်က တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနီး Tanggerang မြို့ရှိ မီးရှူးမီးပန်းစက်ရုံ တစ်ရုံတွင် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၃၂ ဦးသေဆုံးပြီး အခြားသူ ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်သမား...