Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Yutu ဝင်ရောက်တိုက်ခတ်

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းတွင် သင်္ဘောများ ဆိုက်ကပ်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအဓိကကျွန်းဖြစ်သော လူဇုံကျွန်းရှိ Isabela ပြည်နယ်အတွင်း အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Yutu ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကမ္ဘာ့လေထု၊ ဘူမိရူပဗေဒဆိုင်ရာနှင့် နက္ခတ်ဗေဒဆိုင်ရာလုပ်ငန်း အုပ်ချုပ်ရေး (PAGASA) က ပြောကြားလိုက်သည်။

Yutu တိုင်ဖွန်းသည် Isabela ပြည်နယ်သို့ ဒေသစံတော်ချိန် နံနက် ၄း၀၀ နာရီအချိန်၌ ဝင်ရောက်ခဲ့ပြီး တစ်နာရီလျှင် အများဆုံးလေတိုက်နှုန်းမှာ ၁၅၀ ကီလိုမီတာရှိပြီး လေပြင်းတိုက်ခတ်မှုမှာ ၂၁၀ ကီလိုမီတာအထိ ရှိကြောင်း၊ ယင်းမုန်တိုင်းသည် တစ်နာရီလျှင် ၂၀ ကီလိုမီတာနှုန်းဖြင့် အနောက်ဘက်သို့ ရွေ့လျားသွားနေကြောင်း သိရသည်။ လူဇုံကျွန်း မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများအတွင်း မိုးအသင့်အတင့်မှာ သည်းထန်စွာရွာသွန်းနိုင်မည်ဟု ခန့်မှန်းထားသည်။

PAGASA အရ လူဇွန်ကျွန်း မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း၊ Isabela , Cagayan, Aurora, Ilocos Sur, Ilocos Norte, La Union နှင့် Pangasinan စသည့် ကမ်းရိုးတန်းဒေသများအတွင်း လှိုင်းလုံးအမြင့် သုံးမီတာခန့်ရှိနိုင်ကြောင်း သိရသည်။

လေပြင်းမုန်တိုင်း သတိပေးချက်နှင့်အတူ ယင်းဒေသများ၌ ငါးဖမ်းသမားများနှင့် လှေငယ်များအား ပင်လယ်ပြင်သို့မထွက်ကြရန်နှင့် သင်္ဘောကြီးများအနေဖြင့်လည်း လှိုင်းကြီးမှုအား သတိထားစောင့်ကြည့်သင့်ကြောင်း အကြံပြုထားသည်။

ပြည်နယ်အများအပြားတွင်လည်း စာသင်ကျောင်းများအား ပိတ်ထားခဲ့သည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာလ ၃၁ ရက်တွင် ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ထွက်ခွာသွားမည်ဟု ခန့်မှန်းထားသည်။

Yutu တိုင်ဖွန်းမုန်တိုင်းသည် ၂၀၁၈ ခုနှစ်အတွက် ၁၈ လုံးမြောက် အပူပိုင်းဆိုက်ကလုန်းမုန်တိုင်း ဖြစ်ပြီး ဖိလစ်နိုင်ငံတွင် နှစ်စဉ် ပျမ်းမျှ ဆိုက်ကလုန်းမုန်တိုင်း ၂၀ ခန့် ဝင်ရောက်လေ့ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.