Connect with us

Australia / Oceania

ပါပူဝါနယူးဂီနီ တွင် ရစ်ချ်တာစကေး ၆.၅ ရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည့် ပါပူဝါနယူးဂီနီနိုင်ငံအား မြေပုံ၌ တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ မတ် ၆ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံ Kandrian ပြည်နယ် အနောက်မြောက်ဘက် ၃၂ကီလိုမီတာ တွင် ရစ်ချ်တာစကေး ၆.၅ ရှိသည့် အင်အားပြင်ထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာတိုင်းတာရေးအဖွဲ့ (USGS) က မတ် ၆ရက် တွင်ပြောကြားခဲ့သည်။

USGS ၏ပြောကြားချက်အရ အင်အားပြင်းငလျင်သည် ဒေသစံတော်ချိန် ၉း၄၇နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်သည် မြေပြင်အနက် ၂၈ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း USGS ကပြောကြားခဲ့ပြီး ယခုအချိန်ထိ ငလျင်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။

ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာ ဒုတိယ ညွှန်ကြားရေးမှူး Stuart Weinstein က ငလျင်ကြောင့် ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.