Connect with us

Australia / Oceania

အာဆီယံ အထူး ထိပ်သီး အစည်းအဝေးကို ၂၀၁၈ ခုနှစ်တွင် သြစတြေးလျက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် မျှော်လင့်

၂၀၁၆ ခုနှစ် အာဆီယံ-သြစတြေး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ဘာရာ၊ ဖေဖော်ဝါရီ၂၃ ရက် (ဆင်ဟွာ)

အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေး (ASEAN-Australia Special Summit) ကို ၂၀၁၈ ခုနှစ်တွင် သြစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရန် မျှော်လင့်ထားကြောင်း သတင်းကြေညာချက် တစ်စောင်၌ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အကယ်၍ ကျင်းပဖြစ်ပါက အဆိုပါ အစည်းအဝေးသည် အာဆီယံ ထိပ်သီး အစည်းအဝေး တစ်ခုအား ပထမဆုံးအနေဖြင့် သြစတြေးလျနိုင်ငံတွင် ကျင်းပခြင်း ဖြစ်မည် ဖြစ်သည်။

နယူးဆောက်ဝေးပြည်နယ် ဝန်ကြီးချုပ် Gladys Berejiklian နှင့်အတူ ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် အဆိုပါ ထိပ်သီး အစည်းအဝေးအား ဆစ်ဒနီမြို့တွင် ၂၀၁၈ ခုနှစ် မတ်လ၌ ပြုလုပ်ရန် ရွေးချယ်ထားကြောင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။

“ဒီ အစည်းအဝေးဟာ အာဆီယံနဲ့အတူ သြစတြေးလျရဲ့ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ခိုင်မာစေရေးအတွက် သမိုင်းဝင်တဲ့ မကြုံစဖူး အခွင့်အလမ်း ဖြစ်ပြီး နိုင်ငံအတွက် စီးပွားရေးနဲ့ လုံခြုံရေး အကျိုးကျေးဇူးတွေ ရရှိစေမှာ အသေအချာပါပဲ” ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံသည် သြစတြေးလျနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်မှု မိတ်ဖက်များ ဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သြစတြေးလျက အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏ စုစုပေါင်း သြစတြေးလျဒေါ်လာ ၉၂.၉ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံ) ရှိခဲ့ကြောင်း၊ ယင်း ပမာဏက ဂျပန်၊ ဥရောပ သမဂ္ဂ သို့မဟုတ် အမေရိကန်တို့နှင့် ကုန်သွယ်ခြင်းထက် သာလွန်ကြောင်း သိရသည်။

“ဒီ ထိပ်သီး အစည်းအဝေးက အရေးပါတဲ့ ဖိုရမ် တစ်ခု ဖြစ်ပြီး ဒေသတွင်း လုံခြုံမှုနဲ့ အကျိုးကျေးဇူးတွေ ဘယ်လို ဆက်လက် လုပ်ဆောင်မလဲဆိုတာတွေကို ဆွေးနွေးသွားမှာပါ” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေးအား ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးနှင့် ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးဟူ၍ အဓိကထား ပြုလုပ်မည် ဖြစ်သည်။ ထို့ပြင် စက်မှုလုပ်ငန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SMEs) အား အလုပ်အကိုင် ဖန်တီးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းအတွက် အခွင့်အလမ်း ပွင့်လင်းမှုအား ယူဆောင်ပေးမည့် စီးပွားရေး ထိပ်သီး အစည်းအဝေး နှင့် အကြမ်းဖက်မှု ဆန့်ကျင် တိုက်ဖျက်ရေး ညီလာခံ စသည့် အဓိက အစည်းအဝေးကြီး နှစ်ခုကိုလည်း ပူးတွဲ ကျင်းပမည် ဖြစ်သည်။

အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းအားဖြင့် သြစတြေးလျအတွက် စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ခရီးသွားဧည့်သည် အရေအတွက် မြင့်မားလာနိုင်ခြင်းတို့ ဖြစ်လာရန် အစိုးရက မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.