Connect with us

Australia / Oceania

သြစတြေးလျရှိ အာဖရိကန်မျိုးဆက် နောက်ဆုံး ဆင် အသက် ၄၆ နှစ်အရွယ်တွင် သေဆုံး

Palins တိရစ္ဆာန်ရုံရှိ အာဖရိကန်မျိုးဆက် နောက်ဆုံး ဆင် Cuddles အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ မတ်လ ၂၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ Taronga မြောက်ပိုင်း Palins တိရစ္ဆာန်ရုံရှိ အာဖရိကန်မျိုးဆက် နောက်ဆုံး ဆင် အသက် ၄၆ နှစ်အရွယ် Cuddles သေဆုံးခြင်းအတွက် နိုင်ငံတစ်ဝန်း ဝမ်းနည်း ကြေကွဲခဲ့ကြသည်။

Cuddles သည် ၁၉၇၇ ခုနှစ်တွင် တိရစ္ဆာန်ရုံ ဖွင့်ပွဲ လက်ဆောင်အဖြစ် ဗြိတိန်မှ သြစတြေးလျသို့ ရောက်ရှိလာခဲ့ပြီး ယနေ့ (မတ်လ ၂၂ ရက်) မှာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“သူ (ဆင်) သေဆုံးသွားတဲ့အတွက် ကျွန်တော်တို့အားလုံး ဝမ်းနည်းရပါတယ်၊ သူ့ကို ဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေအားလုံးက ချစ်ကြတယ်” တိရစ္ဆာန်ရုံ တာဝန်ရှိသူက ပြောသည်။

အာဖရိကန် ဆင် Cuddles သည် ရောဂါမျိုးစုံ ခံစားနေခဲ့ရသည့်အတွက် ညင်သာစွာ ဇီဝိန်ချွေပေးပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Cuddles က တိရစ္ဆာန်ရုံ ထိန်းသိမ်းသူများနှင့် ဆက်သွယ်မှုများကို နှစ်သက်ပြီး ငှက်ပျောသီးနှင့် Lucerne ဒိန်ချဉ်ကို ကြိုက်နှစ်သက်ကြောင်း တိရစ္ဆာန် တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.