Australia / Oceania
ပါပူဝါနယူးဂီနီနိုင်ငံ Bulolo ဒေသ အနောက်မြောက် ၃၇ ကီလိုမီတာအကွာ၌ ပြင်းအား ၇.၁ အဆင့်ရှိ ငလျင်လှုပ်
နယူးယောက် ၊ မေ ၇ ရက်(ဆင်ဟွာ)
ပါပူဝါနယူးဂီနီနိုင်ငံ Bulolo ဒေသ၏ အနောက်မြောက် ၃၇ ကီလိုမီတာအကွာ၌ မေ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၁၉း၃၇ နာရီတွင် ပြင်းအား ၇.၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ဆိုသည်။
ကနဦးတိုင်းတာချက်အရ ငလျင်သည် အနက် ၁၃၇.၀ ကီလိုမီတာတွင် တောင်လတ္တီကျူ့၆.၉၇၅ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၄၆.၄၀၁ ဒီဂရီအတွင်း လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)