Connect with us

Eastern Europe

လာမည့်နှစ်အတွင်း စီးပွားရေး အပြုသဘော တိုးတက်ရန် ရုရှား မျှော်လင့်

ရုရှား နိုင်ငံ ညရှုခင်း (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အနေဖြင့် လာမည့် နှစ်အတွင်း စီးပွားရေး ၂.၃ ရာခိုင်နှုန်း တိုးတက်ရန် မျှော်လင့်ထားကြောင်း ရုရှား တာဝန်ရှိ ခေါင်းဆောင်က တနင်္လာနေ့၌ ပြောပါသည်။

အဆိုပါ ခန့်မှန်းချက်အား ဘယ်လာရုစ်နိုင်ငံ ဆိပ်ကမ်းမြို့ ဖြစ်သော ဘရက်စ် ( Brest) ၌ ပြုလုပ်သော ရှရှားနှင့် ဘယ်လာရုစ် နှစ်နိုင်ငံ စီပွားရေး ဖွံ့ဖြိုးမှု ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် ရုရှား စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး Alexei Ulyukayev က မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဒါဟာ ရုရှားနိုင်ငံ ငွေကြေး ဖောင်းပွမှုနှုန်း ကျဆင်းသွားမှုသည် စီးပွားရေး တိုးတက်မှု၏ လက္ခဏာဖြစ်ကြောင်း နှင့် ငွေကြေး ဖောင်းပွမှုနှုန်းသည် သြဂုတ်လ ၁ ရက်နေ့တွင် ၁၅.၇ – ၁၅.၈ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်မည်ဟု ခန့်မှန်းကြောင်း ပြောပါသည်။“ ဒီနှစ်ကုန်ပိုင်းတွင် ငွေကြေး ဖောင်းပွမှုနှုန်းကို ၁၀ မှ ၁၀.၅ ရာခိုင်နှုန်း အတွင်း ထိန်းထား နိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်၊ ၂၀၁၆ ခုနှစ် ပထမ သုံးလပတ် အတွင်းမှာ ဗဟိုဘဏ်နဲ့ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်တွေ အရ ၇ ရာခိုင်နှုန်း အထိ ပြန်လည် ကျဆင်း နိုင်ပါလိမ့်မယ်” ဟု Ulyukayev ကပြောပါသည်။

ရုရှားနိုင်ငံ၏ စီးပွားရေး အခြအနေ ပိုကောင်းလာပြီး တစ်လထက် တစ်လ စီးပွားရေး ကျဆင်းမှု ကိုလည်း ကျော်ဖြတ်နိုင်လု နီးပါး ဖြစ်နိုင်မည်ဟု ဝန်ကြီးက ယုံကြည်မှု ရှိနေပါသည်။

Ulyukayev က “ စီးပွားရေး ကျဆင်းမှုဟာ ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ ၃.၄ ရာခိုင်နှုန်း၊ ဒုတိယ နှစ်ဝက်မှာ ၄.၄ ရာခိုင်နှုန်းသာ ရှိနိုင်ပါ လိမ့်မယ်၊ ဒါဟာ အနည်းဆုံးပဲ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ပြောပါသည်။

အနောက်နိုင်ငံ အများစုက ယူကရိန်း အရေးကိစ္စနှင့် ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့မှု များပြုလုပ် ခဲ့ပါသည်။

စီးပွားရေး မတည်ငြိမ်သည့် ကြားမှ ဇန်နဝါရီလတွင် ရုရှားနိုင်ငံသည် လူမှုရေး မတည်ငြိမ်မှုများ အတွက် စာမျက်နှာ ၃၈ မျက်နှာ ပါသော ခြိုးခြံချွေတာရေး အစီအစဉ်အား အတည်ပြုခဲ့ပါသည်။

ဇွန်လ ၂၂ ရက်နေ့တွင် ဥရောပ သမဂ္ဂ က ရုရှားအား စီးပွားရေး ပိတ်ဆို့မှုအား ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ သက်တမ်း ခြောက်လ ထပ်တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ပြီး ဒါဟာ ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှုအား မော်စကိုက အပြည့်အဝ အသေအချာ အကောင်အထည်ဖော်ရန် အတွက် ဖြစ်သည်ဟု သိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.