Connect with us

Eastern Europe

ရုရှား နိုင်ငံ၏ Tu-95 ဗုံးကျဲ လေယာဉ် ပျက်ကျမှုမှ လေယာဉ်မှူး နှစ်ဦး သေဆုံး

ရုရှား နိုင်ငံ၏ Tu-95 ဗုံးကျဲ လေယာဉ် တစ်စင်း ပျံသန်းနေစဉ် (ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ကာကွယ်ရေးဌာန ပြန်ကြားရေးမှ ဇူလိုင် ၁၄ ရက်နေ့က ပျက်ကျခဲ့သည့် Tu-95 ဗုံးကျဲ လေယာဉ်မှ လေယာဉ်မှူး နှစ်ဦးသည် အသက်ကယ် လေထီးဖြင့် မြေပြင်သို့ ကျရောက်သည့် နေရာတွင် သေဆုံးခဲ့ပြီး ကျန် ၅ ဦးမှာ အသက်ကယ် လေထီးဖြင့် လွတ်မြောက် နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

ရုရှား ကာကွယ်ရေးဌာနမှ ကယ်ဆယ်ရေး အဖွဲ့သည် လေယာဉ်မှူး နှစ်ဦး မြေပြင်သို့ ကျရောက်ခဲ့သည် နေရာကို တွေ့ရှိခဲ့ပြီး ၎င်းတို့ နှစ်ဦးမှာ မြေပြင်သို့ ကျရောက်သည့် နေရာတွင် သေဆုံးခဲ့ကြောင်း ၊ အသက်ကယ် လေထီးဖြင့် ဆင်းသက်ခဲ့ရာတွင် ကျန် ၅ ဦးမှာ လက်ရှိ စစ်ဆေးရုံတွင် ကုသမှုများ ဆောင်ရွက်နေကြောင်း ၊ အသက် အန္တရာယ် မစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ Tu-95 ဗုံးကျဲ လေယာဉ်သည် ဇူလိုငလ် ၁၄ ရက်နေ့က ပုံမှန် လေကျင့်မှု ပြုလုပ်နေစဉ် Khabarovsk မြို့ နှင့် ကီလိုမီတာ ၈၀ ကွာဝေးသော လွင်ပြင်တွင် ပျက်ကျခဲ့ပြီး ကနဦး စစ်ဆေးမှုများအရ လေယာဉ် ပျက်ကျ ခဲ့သည်မှာ နည်းစနစ်ပိုင်း ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း သိရှိရသည်။
ယခု လေယာဉ် ပျက်ကျမှုသည် ရုရှား နိုင်ငံ၏ တစ်လ အတွင်း ၆ ကြိမ်မြောက် လေယာဉ် ပျက်ကျမှု ဖြစ်သည်။ ဇူလိုင် ၆ ရက်နေ့ ကလည်း ရုရှား လေတပ်မှ SU-24 ဗုံးကျဲ လေယာဉ် တစ်စင်း ပျက်ကျ ခဲ့ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.