Connect with us

Eastern Europe

ရုရှားက နိုင်ငံတကာ စစ်လက်နက် နည်းပညာပြပွဲတွင် ဒေါ်လာ၂.ဝ၃ဘီလီယံ တန်ဖိုးရှိ အရောင်းအဝယ် စာချုပ်ချုပ် ဆိုနိုင်ခဲ့

နိုင်ငံတကာ စစ်လက်နက်နည်းပညာပြပွဲ မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

“ Army 2016 ” နိုင်ငံတကာ စစ်လက်နက်နည်းပညာ ပြပွဲတွင် ရုရှား ရူဘယ်ငွေ ၁၃ဝ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂.၀၃ဘီလီယံ) တန်ဖိုးရှိ ကာလရှည် အရောင်းအဝယ် စာချုပ် ၁၇ ခုကို ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ချုပ်ဆိုနိုင်ခဲ့ကြောင်း ရုရှားပြည်တွင်း TASS သတင်းဌာနက စက်တင်ဘာလ ၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ ရူဘယ် ၁၃ဝ ဘီလီယံကျော် တန်ဖိုးရှိ နှစ်ရှည် စာချုပ် ပေါင်း ၁၇ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ် ” ဟု ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuri Borisov ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
Army 2016 ပြပွဲကို မော်စကိုမြို့အနောက်ပိုင်း ၆၃ ကီလိုမီတာအကွာရှိ Kubinka မြို့၌ စက်တင်ဘာလ ၆ ရက် မှ ၁၁ ရက်အထိ ကျင်းပလျက် ရှိပြီး ရုရှားနိုင်ငံအတွင်းရှိ အဖွ ဲ့အစည်း နှင့် လုပ်ငန်းပေါင်း ၁ဝဝဝ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်နေကြပြီး အခြားကမ္ဘာ့နိုင်ငံပေါင်း ၈ဝ ကျော်မှ ကိုယ်စားလှယ်များလည်း တက်ရောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ပြပွဲသည် ရုရှားနှင့် နိုင်ငံတကာကုမ္ပဏီများအကြား တိုက်ရိုက်ဆက်သွယ်နိုင်သည့်အခွင့်အရေးကောင်းများ ရရှိခဲ့သလို စစ်လက်နက်စက်ရုံများ နှင့် နှစ်ဖက်စလုံးအကျိုးရှိမည့် လက်နက်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဆိုသည်။
၎င်းပြပွဲကို အခန်းပေါင်း ၂၈ ခန်းပါဝင်ဖွဲ့စည်းထားသည့် အကျယ် ၈ဝ,ဝဝဝ စတုရန်းမီတာ ရှိ ရုံတွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စစ်လက်နက်များ ၊ စစ်ဘက်ဆိုင်ရာ အထူးအသုံးအဆောင်များကို အကျယ် ၁ဝဝ,ဝဝဝ စတုရန်းမီတာရှိ ကွင်းပြင်ကြီး၌ ရုံပြင်ပြပွဲအဖြစ် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.