Connect with us

Eastern Europe

တူရကီနိုင်ငံသို့လေကြောင်းပျံသန်းခွင့်ပိတ်ပင်ထားခြင်းကို ရုရှားပြန်ဖွင့်ပေး

ရုရှားသမ္မတ ပူတင် (ဝဲ)နှင့် တူရကီသမ္မတ Recep Tayyip Erdogan (ယာ)တို့အား အခမ်းအနားတစ်ခုတွင် အတူတကွတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ရုရှားစစ်လေယာဉ်တစ်စင်းအား တူရကီက ပစ်ချခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ပြီးနောက် ၈ လကြာပိတ်ပင်ထားခဲ့သည့် တူရကီနိုင်ငံသို့လေကြောင်းပျံသန်းမှုကို ရုရှားနိုင်ငံက ပြန်လည်ဖွင့်ပေးသည့် သဘောတူညီချက်ကို သြဂုတ်လ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ ရုရှားနိုင်ငံမှ လေကြောင်းလိုင်းများသည် တူရကီနိုင်ငံလေကြောင်းအာဏာပိုင်များသို့လေယာဉ်ပျံသန်းခွင့်အတွက် လျှောက်လွှာများပေးပို့ရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရုရှားအစိုးရက လေကြောင်းလိုင်းများအနေဖြင့် ရုရှားနှင့်တူရကီနှစ်နိုင်ငံအကြားဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်ရန် သေချာအောင် ထပ်မံလုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။
ရုရှားနိုင်ငံသည် ၂၀၁၆ ခုနှစ်မှ စတင်ကာ တူရကီနိုင်ငံမှ အစားအစာတင်သွင်းမှုပိတ်ပင်တားဆီးခြင်းအပါအဝင် နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းပျံသန်းမှုများ နှင့် နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်များကိုပါ ပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ရုရှားစစ်ဖက်လေယာဉ်တစ်စင်းအား တူရကီနိုင်ငံက ပစ်ချခဲ့သည့်လုပ်ရပ်အပေါ် တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က ရုရှားနိုင်ငံအား ဝန်ချတောင်းပန်ခဲ့ပြီးနောက် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် တူရကီနိုင်ငံသို့အဖွဲ့လိုက်ခရီးသွားခြင်း ပိတ်ပင်ထားသည့် အမိန့်ကို ဇွန်လ ၃ဝ ရက်တွင် ပယ်ဖျက်ပေးခဲ့သလို နှစ်နိုင်ငံလေကြောင်းပြန်လည် ပျံသန်းရေး ပထမခြေလှမ်းအစကို တည်ဆောက်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.