Connect with us

Eastern Europe

လေကြောင်းပျံသန်းခွင့် ပြန်လည်ဖွင့်ပေးပြီးနောက် ပထမဆုံး ရုရှားစင်းလုံးငှားလေယာဉ် တူရကီနိုင်ငံ အန်တလ်ရ လေဆိပ်သို့ဆိုက်ရောက်လာ

ရုရှားစင်းလုံးငှား လေယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် ခရီးသည်များအား လေယာဉ်အမှုထမ်းများက နှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ရုရှား-တူရကီ နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းခွင့်ကို ရုရှားနိုင်ငံက ပိတ်ပင်ထားရာမှ ပြန်လည်ဖွင့်လှစ်ပေးပြီးနောက် ပထမဆုံး ရုရှားစင်းလုံးငှား ခရီးသည်တင်လေယာဉ် တစ်စင်းသည် တူရကီနိုင်ငံ အန်တလ်ရ (Antalya)လေဆိပ်သို့စက်တင်ဘာလ ၂ ရက်တွင် ဆိုက်ရောက်လာကြောင်း Anadolu သတင်းအေဂျင်စီက သတင်းရေးသားဖော်ပြခဲ့သည်။

တော်ဝင်လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၆၇ လေယာဉ်ကြီးသည် ရုရှားနိုင်ငံသား ၃ဝ၉ ဦးကို တင်ဆောင်၍ ရုရှားနိုင်ငံ မော်စကိုမြို့မှ ထွက်ခွာလာခဲ့ပြီး တူရကီနိုင်ငံ Antalya နိုင်ငံတကာလေဆိပ်သို့စက်တင်ဘာလ ၂ ရက် ညပိုင်းက ဆင်းသက်လာခဲ့ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ရုရှားနိုင်ငံမှ စစ်ဖက်လေယာဉ်တစ်စင်းအား တူရကီတပ်ဖွဲ့ဝင်များက ပစ်ချခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရပြီး ရုရှားနိုင်ငံဖက်က တူရကီနိုင်ငံနှင့် လေကြောင်းပျံသန်းခွင့်ကို ပိတ်ပင်ထားခဲ့သည်။
ထိုသို့၈ လကြာ ပိတ်ပင်ထားခဲ့သည့် လေကြောင်းပျံသန်းခွင့် တားမြစ်ချက်ကို ပြန်လည်ပယ်ဖျက်ပေးသော အမိန့်တစ်ရပ်ကို ရုရှားအစိုးရက ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.