မော်စကို၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် Azovstal သံ၊သံမဏိစက်ရုံမှလွဲ၍ မြို့ပြနေရာအားလုံးကို ရုရှားတပ်များ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၊ယူကရိန်းစစ်တပ် လက်ကျန်အင်အားနှင့် ကြေးစားတပ်များမှာ Azovstal သံ၊သံမဏိစက်ရုံအတွင်း ပိတ်မိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkovက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးရေးအချက်ပြမှုအဖြစ် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell တို့ ကိဗ်သို့ လာရောက်လည်ပတ်သည့် ခရီးစဉ်ကို ယူကရိန်း သမ္မတ...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်ဘက်မှ ယူကရိန်းအား စစ်ရေးအကူအညီများ ပိုမိုပေးအပ်သည့်အနေဖြင့် ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီ အမေရိကန်နိုင်ငံ၌ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုပေးခဲ့သလို လက်ရှိတွင်လည်း ၎င်းတို့အား မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မောင်းနှင်ခြင်း လေ့ကျင့်ပေးလျက်ရှိကြောင်း အမေရိကန်စစ်တပ်က ဧပြီ ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်က ယူကရိန်းအား...
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဧပြီ ၆ ရက်နံနက်အစောပိုင်းတွင် ရိုမေးနီးယားဆိုင်ရာ ရုရှားသံရုံးတံခါးကို ကားသေးတစ်စီး ဝင်တိုက်ခဲ့ပြီးနောက် ကားမီးလောင်ကာ ယာဉ်မောင်းသေဆုံးသွားကြောင်း ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူချာရက် ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။ အဆိုပါကားငယ်လေးသည် ယင်းနေ့နံနက် ၆ နာရီခန့်တွင် လမ်းမကြီးမှ မောင်းနှင်လာပြီး သံရုံးတံခါးကို...
မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ယူကရိန်း၌ လွန်ခဲ့သောလအတွင်း အကြီးအကျယ်ဖြစ်ပွားနေသော ပဋိပက္ခများအား နိုင်ငံရေးအရ အဖြေရှာရန် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ရေများစွာ ဆောင်ရွက်ခဲ့ကြသည်။
နယူးယောက်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ဂျာမနီနှင့်ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဧပြီ၄ရက်တွင်ရုရှားသံတမန်များကိုနှင်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကယင်းနှင့်ပတ်သက်၍တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထိုနေ့တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှား နှင့် ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခုရရှိသည်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း နှင့် တရုတ်နိုင်ငံက ယူကရိန်းနိုင်ငံတွင် မြင်တွေ့လိုသည့် တစ်ခုတည်းသောအရာမှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီ ၄ ရက်တွင်ပြောကြားခဲ့သည်။
ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မော်စကို ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် ဗီဇာကန့်သတ်မှုများ လုပ်ဆောင်ရန်စတင်သည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ဥရောပသမဂ္ဂက လုပ်ဆောင်ခဲ့သည့် ရန်လိုသောအစီအမံများအား လက်တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ စစ်ရဟတ်ယာဉ်နှစ်စင်းက ရုရှားနိုင်ငံ ဘယ်လ်ဂါရဒ်မြို့ရှိ ရေနံစက်ရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရုရှားမီဒီယာက ဧပြီ ၁ ရက်တွင် ရုရှားဒေသခံအရာရှိ၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။