Connect with us

Eastern Europe

ရုရှား-ယူကရိန်း ပဋိပက္ခသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း G7 ဆို

ကင်ညာနိုင်ငံ Kilifi ကောင်တီတွင် ရိတ်သိမ်းမရသည့် ပြောင်းခင်းအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ပြီး ယူကရိန်း၏ စားနပ်ရိက္ခာတင်ပို့မှု အပေါ် ကန့်သတ်ချက်များကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း G7 အဖွဲ့ မှ မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။G7 အဖွဲ့နိုင်ငံများမှ စိုက်ပျိုးရေးဝန်ကြီးများသည် မေ ၁၃ ရက်နှင့် ၁၄ ရက်တွင် ဂျာမနီနိုင်ငံ၊ Stuttgart ၌ အစည်းအဝေးတစ်ရပ် ကျင်းပကာ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ အစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်တွင် G7 အဖွဲ့က ရုရှားအနေဖြင့် ယူကရိန်း၏ အခြေခံအဆောက်အအုံများ အထူးသဖြင့် ဆိပ်ကမ်းများနှင့် ရထားလမ်းများ တိုက်ခိုက်ခြင်းမှ ရပ်တန့်ရန်နှင့် ယူကရိန်းအား စာနပ်ရိက္ခာတန်ချိန် ၂၅ သန်းထက်မနည်း တင်ပို့ခွင့်ပြုရန် တောင်းဆိုထားသည်။

ဂျာမန်စိုက်ပျိုးရေးဝန်ကြီး Cem Ozdemir က လက်ရှိအခြေအနေတွင် ကမ္ဘာကြီးက စည်းလုံးညီညွတ်ကာ အစာရေစာငတ်မွတ်မှုကို တိုက်ဖျက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဥတုရာသီဆိုင်ရာ ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်မှု၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို မရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ဥတုရာသီပြောင်းလဲမှု ကိုင်တွယ်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ငြိမ်းချမ်းရေးက ဦးစားပေးလုပ်ဆောင်ရမည့် အချက်သုံးခုဖြစ်သည်။

ဂျာမနီသည် ယခုနှစ် G7 အဖွဲ့၏ အလှည့်ကျ ဥက္ကဌ နိုင်ငံဖြစ်သည်။ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၄၃ သန်းခန့်သည် အစာရေစာငတ်မွတ်မှုဒဏ်နှင့် ရင်ဆိုင်နေရကြောင်း ဂျာမနီအစိုးရက မေ ၁၄ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
七国集团称俄乌冲突可能给世界粮食安全造成严重后果
新华社柏林5月14日电(记者李超)七国集团14日说,俄乌冲突可能会给世界粮食安全造成严重后果,针对乌克兰粮食出口的限制进一步加剧了全球粮食紧张局势。
七国集团农业部长13日至14日在德国斯图加特召开会议,讨论俄乌冲突导致的全球粮食安全问题。会议后发表公报,呼吁俄罗斯停止对乌克兰基础设施的打击,特别是港口和铁路,并允许乌克兰出口至少2500万吨粮食。
德国农业部长厄茨德米尔表示,当前形势需要世界团结一致与饥饿作斗争。与此同时,不应停止应对气候变化和保护生物多样性的努力。当前,应对气候变化、粮食安全与和平是三大优先事项。
德国是今年七国集团轮值主席国。德国政府14日发布公告说,由于俄乌冲突,全世界约4300万人面临饥饿威胁。(完)
图说- 3月23日,没有收获的村民扎瓦迪沮丧地站在肯尼亚基利菲枯萎的玉米地里。新华社记者董江辉摄