Connect with us

Europe

ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း စစ်ဆင်ရေး ဆောင်ရွက်နေသော တိုက်လေယာဉ် များအနေဖြင့် ဝေဟင်ချင်း ပစ် ဒုံးကျည်များ စတင်တပ်ဆင်

ရုရှား နိုင်ငံ မှ Su-34 လေကြောင်း ဗုံးကျဲ တိုက်လေယာဉ် အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ လေကြောင်း နှင့် အာကာသ ကာကွယ်ရေး ဌာန ပြောရေးဆိုခွင့်ရှိသူ အီကော ခလီမော မှ နိုဝင်ဘာ ၃၀ ရက်နေ့က ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း စစ်ဆင်ရေး ဆောင်ရွက်နေသော တိုက်လေယာဉ် အားလုံးတွင် ဝေဟင်ချင်း တိုက်ခိုက်ပစ်ခတ် နိုင်သော ဒုံးကျည် များ စတင်တပ်ဆင်သွားမည် ဖြစ်ကာ တိုက်လေယာဉ် များ၏ ကာကွယ်ရေး စွမ်းအင် ကို မြှင့်တင် သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူမှ နိုဝင်ဘာ ၃၀ ရက်နေ့တွင် စစ်ဆင်ရေး တာဝန်ထမ်းဆောင်သည့် Su-34 ဗုံးကျဲတိုက်လေယာဉ် အနေဖြင့် ဗုံးကျဲလက်နက် များတပ်ဆင်ထားသည့် အပြင် လေကြောင်း အချင်းချင်း တိုက်ခိုက်နိုင်သည့် ဝေဟင် တိုက်ခိုက်ရေး ဒုံးကျည် များကိုလည်း တပ်ဆင် ထားခဲ့ကြောင်း ၊ ၎င်း ဝေဟင် ခြင်းပစ် ဒုံးကျည် များသည် အောတို ပဲ့ထိန်းနည်းစနစ်များပါဝင်ပြီး ကီလိုမီတာ ၆၀ အတွင်းရှိ လေကြောင်း ပစ်မှတ် များကို တိုက်ခိုက်နိုင်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ မှ Su-24 တိုက်လေယာဉ်သည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် တူရကီ နိုင်ငံ နှင့် ဆီးရီးယား နိုင်ငံ နယ်စပ် တွင် တူရကီ နိုင်ငံ ၏ F-16 တိုက်လေယာဉ် ၏ ပစ်ခတ်မှု ကိုခံရသဖြင့် ပျက်ကျ ခဲ့ရသည်။ ယင်းကိစ္စ ရပ်ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်းတွင် ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ စစ်တပ်များမှ ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း ကာကွယ်ရေး အင်းအားကို တိုးချဲ့မှု များပြုလုပ်ခဲ့ပြီး ရုရှား နိုင်ငံ ၏ နည်းပညာ အမြင့်မား ဆုံးဖြစ်သည့် S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည် များကိုလည်း စတင် ခင်းကျင်းခဲ့သည်။(Xinhua)