Connect with us

Europe

ဆီးရီးယားတွင် IS ကို တိုက်ခိုက်ရေး ဗြိတိန် အောက်လွှတ်တော် အတည်ပြု

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း IS တို့ ကြီးစိုးရာ အလက်ပို မြို့ရှိ ဆီးရီးယား ဒုက္ခသည်များကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ဆီးရီးယားရှိ အိုင်အက်စ် (IS) စစ်သွေးကြွများအား လေကြောင်း တိုက်ခိုက်မှု ချဲ့ထွင်ရေး အစိုးရ၏ အဆိုပြု ချက် အား ၁၀ နာရီကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး မဲခွဲ ဆုံးဖြတ်ပြီးနောက် ဗြိတိန် အောက်လွှတ်တော်က အတည်ပြု လိုက်သည်။

IS စစ်သွေးကြွများအား အထူးသဖြင့် လေကြောင်းက တိုက်ခိုက်မည့် စစ်ရေး အစီအစဉ် အဆိုပြုချက်အား ဗြိတိန် အောက်လွှတ်တော်က ထောက်ခံမဲ ၃၉၇ မဲ၊ ကန့်ကွက်မဲ ၂၂၃ မဲဖြင့် အတည်ပြုလိုက်ကြောင်း သိရသည်။

ယင်း ခွင့်ပြုချက်သည် ဗြိတိန် စစ်လေယာဉ်များအား အီရတ်မှ ဆီးရီးယားသို့ တိုက်ခိုက်မှု အစီအစဉ် ချဲ့ထွင်ရေး လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ဆီးရီးယား အရေးနှင့် ပတ်သက်၍ ဗြိတိန်က စစ်ရေး စွက်ဖက်မှု အပေါ် ဆန့်ကျင် ဆန္ဒပြမှုများ ရှိနေသည့် ကြားမှ ထိုသို့ အတည်ပြုချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အီရတ်တွင် ISIS ဟု လူသိများသည့် IS အဖွဲ့အား ၂၀၁၄ ခုနှစ် ကတည်းက ဗြိတိန်က ဗုံးကြဲတိုက် ခိုက်မှု လုပ်ခဲ့သည်။

ဗြိတိန် လွှတ်တော်၏ ထို ဆုံးဖြတ်ချက်အား အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ကြိုဆိုခဲ့ပြီး ဆီးရီးယား တွင် ဗြိတိသျှ စစ်အင်အားနှင့် မဟာမိတ်ဖွဲ့ ပေါင်းစည်းရေးအား ဖြစ်နိုင်သမျှ မြန်မြန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.