Connect with us

Europe

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ကတိပြု ၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေဟု ကာကွယ်ရေးဝန်ကြီးပြောကြား

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wei Fenghe က မော်စကိုမြို့၌ ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပသည့် နိုင်ငံတကာလုံခြုံရေးညီလာခံ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

 မော်စကို ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wei Fenghe က တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လိုက်ပါဆောင်ရွက်ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတည်ဆောက်ရန် ကတိကဝတ်ပြုကြောင်း စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဖက်စစ်စနစ်တိုက်ဖျက်ရေးစစ်ပွဲအောင်မြင်ခြင်း ၇၅ နှစ်မြောက် အခမ်းအနား၌ ကျင်းပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ကာကွယ်ရေးဌာနအကြီးအကဲများ ၊ လွတ်လပ်သော ဓနသဟာယနိုင်ငံများ နှင့် စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့ (Collective Security Treaty Organization) မှ အဖွဲ့ဝင်များ အတူတကွ ပါဝင်တက်ရောက်ကြသည့် အထူးအရေးကြီး အစည်းအဝေးတစ်ခုတွင် ဆွေးနွေးစဉ် Wei က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာအခြေအနေသည် COVID-19 ကပ်ရောဂါကြောင့် သက်ရောက်မှု ရှိခဲ့ရာ ပို၍ မတည်ငြိမ်မှု နှင့် မရေရာမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း နှင့် လူသားမျိုးနွယ်ကံတူအကျိုးပေးအသိုက်အဝန်းတစ်ခုတည်ဆောက်ရန် အလွန်ရေးကြီးပြီး ချက်ခြင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီး Wei Fenghe ( ရှေ့တန်းဝဲမှ စတုတ္ထမြောက်) အား ရုရှားနိုင်ငံ၌ ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ရက်က ကျင်းပပြုလုပ်သော လုံခြုံရေးဆိုင်ရာအထူးအစည်းအဝေးတွင် အခြားသော တက်ရောက်လာသူများနှင့်အတူတွေ့ရစဉ်(ဆင်ဟွာ)

တစ်ကမ္ဘာလုံးရှိ နိုင်ငံများအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အတူတကွလက်တွဲဆောင်ရွက်သွားသင့်ကြောင်း ၊ တစ်ဖက်သတ်အနိုင်ကျင့်မှုဝါဒကိုခုခံသွားရမည်ဖြစ်ကြောင်း ၊ ပဋိပက္ခများကို ဖြေရှင်းရမည်ဖြစ်ကြောင်း နှင့် win-win ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တစ်ကမ္ဘာလုံးက စည်းလုံးညီညွတ်စွာဖြင့် အခက်အခဲများကို ကျော်လွှာသွားရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

တရုတ်နိုင်ငံ စစ်တပ်အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်နိုင်ငံတော်အချုပ်အခြာအာဏာ ၊လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားများကို ကာကွယ်ရန် သန္နိဌာန် ၊  စွမ်းဆောင်ရည် နှင့် ယုံကြည်မှု အပြည့်အဝ ရှိကြောင်း Wei ကဆိုသည်။နိုင်ငံ့ခေါင်းဆောင်များအကြား ရရှိခဲ့သော သဘောတူညီချက်များကို အမှန်တကယ် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် ၊ ရှန်ဟိုင်းစိတ်ဓာတ်ဖြင့် ရှေ့ဆက်ချီတက်သွားရန် ၊ နှစ်နိုင်ငံ စစ်တပ်ချင်း နှင့် နိုင်ငံပေါင်းစုံအကြား စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးတိုးတက်မှုအသစ် အတွက် တွန်းအားပေးရန် နှင့် ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကိုထိန်းသိမ်းစောင့်ရှောက်ရန် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု နှင့် သစ်လွင်သောလုပ်ဆောင်မှုများကို ပါဝင်ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်အတူ လုပ်ဆောင်သွားရန် တရုတ်စစ်တပ်က အသင့်ရပ်တည်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

Wei သည် စက်တင်ဘာ ၅ ရက်က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu နှင့်အတူ နိုင်ငံတကာ နှင့် ဒေသတွင်း အခြေအနေများ ၊ နှစ်ဖက်စစ်တပ်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေး နှင့် နှစ်နိုင်ငံဆက်ဆံရေး  ကဲ့သို့သော အရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ထို့ပြင် Weiသည် ပါကစ္စတန်နိုင်ငံ ပူတွဲစစ်ဦးစီးချုပ်ကော်မတီ ဥက္ကဌ Nadeem Raza နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)