Connect with us

Europe

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား နယ်စပ်တင်းမာမှုများ လျှော့ချရေး သဘောတူညီချက်ရရှိ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် တွဲလျက်အစည်းအဝေး၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေးများဆိုင်ရာ သဘောတူညီချက် ၅ ရပ် ရရှိခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက် ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရသည်။ 

နှစ်နိုင်ငံအနေဖြင့် အငြင်းပွားမှုများ ဖြစ်လာမည့် မတူညီမှုများကို ခွင့်မပြုခြင်းအပါအဝင် တရုတ်-အိန္ဒိယ ဆက်ဆံရေး တိုးတက်ခြင်းဆိုင်ရာ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိထားသော သဘောတူညီမှုများကို လိုက်နာသင့်ကြောင်းကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

နယ်စပ်ဒေသများရှိ လက်ရှိအခြေအနေသည် တစ်နိုင်ငံကိုမျှ အကျိုးကျေးဇူးရှိစေမည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်တပ်ဖွဲ့ဝင်များကို အလျင်အမြန် ဆုတ်ခွာရေး၊ သင့်တင့်သောအကွာအဝေးတွင် ထားရှိရေးနှင့် တင်းမာမှုများကို လျှော့ချသွားရေးနှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူခဲ့ကြကြောင်း  သိရသည်။ 

နှစ်နိုင်ငံအနေဖြင့် ထားရှိပြီးသား သဘောတူညီမှုများနှင့် နှစ်နိုင်ငံ နယ်စပ်ရေးရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာသင့်ကြောင်း၊ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန်နှင့် တင်းမာမှုများကို မြင့်တက်စေနိုင်သည့် မည်သည့်အပြုအမူမျိုးကိုမဆို ရှောင်ရှားရေး ဆောင်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။ 

တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံသည် တရုတ်-အိန္ဒိယ နယ်နိမိတ်မေးခွန်းများဆိုင်ရာ အထူးကိုယ်စားပြုယန္တရားမှတစ်ဆင့် ဆွေးနွေးမှုနှင့် ဆက်သွယ်မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ အကြံပြုခြင်းနှင့် ညှိနှိုင်းခြင်းဆိုင်ရာ လုပ်ငန်းယန္တရား အစည်းအဝေးများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် နှစ်နိုင်ငံ ဝန်ကြီးများသည် တင်းမာမှုအခြေအနေ လျော့ကျလာချိန်တွင် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း မြှင့်တင်ရန်  ယုံကြည်မှု တည်ဆောက်ရေးဆောင်ရွက်ချက်အသစ်များ ပြီးစီးရေး သွက်လက်မြန်ဆန်သင့်ကြောင်း သဘောတူညီခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။  (Xinhua)