Europe
အသက် ၁၀၅ နှစ်အရွယ် ပြင်သစ် စက်ဘီးသမား ကမ္ဘာ့ စံချိန်ချိုး

ပဲရစ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
အသက် ၁၀၅ နှစ်အရွယ် ပြင်သစ် စက်ဘီးသမား ရောဘတ် မာချန့် (Robert Marchand) သည် စက်ဘီးပြိုင်ပွဲ ၌ စံချိန်ချိုးခဲ့ကြောင်း ဒေသခံ သတင်းအရ သိရသည်။
မာချန့်သည် ပဲရစ်မြို့ အပြင်ဘက်ရှိ စက်ဘီးစီး လမ်းကြောင်း ဖြစ်သည့် Saint-Quentin-en-Yvelines ၌ ၂၂.၅၄၇ ကီလိုမီတာ စီးနင်းခဲ့ပြီး စံချိန်ချိုးခဲ့ကြောင်း သိရသည်။
“ကျွန်တော် အဆင်ပြေပါတယ်၊ ကျွန်တော့်ရဲ့ ခြေထောက်တွေ မနာပေမဲ့ ဒူလာရောဂါ ရှိတဲ့အတွက် လက်မောင်းတွေတော့ နာကျင်နေတယ်” ဟု မာချန့်က BFMTV သတင်းချန်နယ်သို့ ပြောကြားလိုက်သည်။
နောက်ဆုံး ၁၀ မိနစ်လို့ သတိပေးတဲ့ ဆိုင်းဘုတ်ကို ကျွန်တော် မမြင်လိုက်ရဘူး၊ မဟုတ်ရင် ဒီထက် မြန်မြန် ကျွန်တော် နင်းနိုင်မှာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားလိုက်သည်။
အဆိုပါ ပြင်သစ် စက်ဘီးသမားသည် အသက် ၁၀၀ နှစ် ပြည့်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း စံချိန် နှစ်ခါချိုးခဲ့ဖူးကြောင်း သိရသည်။ (Xinhua)