Connect with us

Europe

ဥရောပ သမဂ္ဂ (အီးယူ) အနေဖြင့် ဒုက္ခသည် အရေး ဖြေရှင်းရန် အတူတကွ ခွဲဝေ တာဝန်ယူရေး မူဝါဒ အမြန်ဆုံး ချမှတ်ရန် လိုအပ် ကြောင်း အီတလီ ဝန်ကြီးက ပြောကြား

အီတလီ နိုင်ငံ သို့ရောက်ရှိနေသော ဒုက္ခသည် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရိုးမား ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

အီတလီ နိုင်ငံ ပြည်ထဲရေး ဝန်ကြီး Minniti က ဇန်နဝါရီလ ၄ ရက်နေ့တွင် ဥရောပ သမဂ္ဂ (အီးယူ) အနေဖြင့် ဒုက္ခသည် အရေး ဖြေရှင်းရန် အတူတကွ ခွဲဝေ တာဝန်ယူရေး ကို ချမှတ်ရမည် ဖြစ်ပြီး ဒုက္ခသည် များခွဲဝေခြင်း ၊ နေရာချထားခြင်း နှင့် သက်ဆိုင်ရာ ရန်ပုံငွေများ အမြန်ဆုံး ရရှိရေး ကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Minniti မှ မော်လ်တာ နိုင်ငံ ပြည်ထဲရေး နှင့် လုံခြုံရေး ဝန်ကြီး Abela နှင့် တွေ့ဆုံရာတွင် ဒုက္ခသည် အရေး သည် မြေထဲပင်လယ် နိုင်ငံ များ တင်မကဘဲ ဥရောပ တစ်ခုလုံး အတွက် ပြဿနာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီတလီ နိုင်ငံခြားရေး ဝန်ကြီး Alfano က ထို့နေ့တွင် သတင်း မီဒီယာ များအား အီတလီ နိုင်ငံအနေဖြင့် နိုင်ဂျာ နိုင်ငံ နှင့် ပူးပေါင်း ဆောင်ရွက်ရန် ကြိုးစားနေပြီး တူနီးရှား နှင့် သဘောတူညီမှု ကို ပြန်လည် ချုပ်ဆိုရန် ကိုလည်း ဆောင်ရွက်နေကြောင်း ၊ ဤသို့ဆောင်ရွက်ခြင်းဖြင့် အီတလီ နိုင်ငံတွင် လက်ခံရန် အချက်အလက် နှင့်မကိုက်ညီသော ဒုက္ခသည် လျှောက်ထားသူများ နှင့် တရားမဝင် ဝင်ရောက် နေထိုင်သူများ ပြန်လည် ပို့ဆောင်ရန်အတွက် အဆင်ပြေစေရန် ဖြစ်ကြောင်း ၊ နိုင်ဂျာ နိုင်ငံ နှင့် တူနီးရှား နိုင်ငံ တို့နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းသည် ဒုက္ခသည် အရေး ဖြေရှင်းနိုင်ရန် အဓိက အချက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဇန်နဝါရီလ၂ ရက်နေ့က အီတလီ နိုင်ငံ ရှိ ဒုက္ခသည် စခန်းတစ်ခုတွင် အသက် ၂၅ နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် နိုင်ငံသူ တစ်ဦးသည် ဖျားနာ၍ သေဆုံးခဲ့သည်။ ထိုကိစ္စ ဖြစ်ပွား အပြီးတွင် ရာနှင့်ချီသော ဒုက္ခသည် များသည် ဒုက္ခသည် စခန်းတွင် လူနေမှု အခြေအနေ နိမ့်ကျပြီး ကျန်းမာရေး ဝန်ဆောင်မှုသည်လည်း အချိန်မီရရှိခြင်း မရှိကြောင်း ဆန္ဒ ထုတ်ဖော်မှုများပြုလုပ် ခဲ့ကြသည်။ ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှု အောက်တွင် ဆန္ဒပြမှု သည် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် မှသာ ရပ်တန့် နိုင်ခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့အစည်း ၏ နောက်ဆုံးထုတ်ပြန် ခဲ့သည့် စာရင်း အရ ၂၀၁၆ ခုနှစ် တွင် လှေဖြင့် မြေထဲပင်လယ်မှ တစ်ဆင့် အီတလီ သို့ရောက်ရှိခဲ့သည့် ဒုက္ခသည် များနှင့် တရားမဝင် ရောက်ရှိခဲ့သည့် ဒုက္ခသည် စုစုပေါင်း ၁၈၀,၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၅ တွင် ရောက်ရှိခဲ့သည့် ၁၅၃,၀၀၀ ထက်များပြား ခဲ့သောကြောင့် အီတလီ နိုင်ငံ အား ဝန်ထုပ်ဝန်ပိုး ဖြစ်စေ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.